တရုတ်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရေအောက်ဒေတာစင်တာကို ဟိုင်နန်ကျွန်း ကမ်းလွန်မှာ စတင်လည်ပတ်လိုက်ပါတယ်။ အဲဒီဒေတာစင်တာဟာ ပင်လယ်ရေကို သဘာဝအတိုင်း အအေးပေးစနစ်အဖြစ် အသုံးပြုထားတဲ့အတွက် ကုန်းပေါ်မှာအခြေစိုက်တဲ့ ဒေတာစင်တာတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းအင်အသုံးပြုမှုကို ၉၀% အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

China launches world's first commercial underwater data centre in Hainan |  South China Morning Post

Shenzhen HiCloud Data Centre Technology ကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ အဲဒီဒေတာစင်တာရဲ့ ရေအောက်အခန်းတစ်ခန်းစီဟာ တန်ချိန် ၁,၄၃၃ တန် အလေးချိန်ရှိပြီး ပင်လယ်ရေအောက် ၃၅ မီတာ အနက်မှာ တည်ရှိပါတယ်။ အခန်းတစ်ခန်းမှာ ဆာဗာစင် ၂၄ ခုကို ထားရှိနိုင်ပြီး ဆာဗာအလုံးရေ ၅၀၀ အထိ ထောက်ပံ့ပေးနိုင်စွမ်း ရှိပါတယ်။

China launches first commercial underwater data center: An AI cluster under  the sea:

ဒီစင်တာကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ စတင်တပ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ  မှာတော့ အပြည့်အဝ လည်ပတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ကွန်ပျူတာနည်းပညာအတွက် အဓိက မှတ်တိုင်တစ်ခုဖြစ်သလို နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ “အပြာရောင်စီးပွားရေး” (blue economy) အတွက်လည်း အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

Lingshui ခရိုင် ကမ်းလွန်မှာ တည်ရှိတဲ့ အဲဒီစင်တာဟာ အခုအခါမှာ စားသောက်ဆိုင် လမ်းညွှန် app တွေကနေ ခရီးသွား app တွေအထိ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို စွမ်းအားပေးနေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အနာဂတ်မှာ အခုလို ရေအောက်အခန်းပေါင်း ၁၀၀ အထိ တိုးချဲ့တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref : Technology Innovation