တရုတ်နိုင်ငံက Guangxi ပြည်နယ်၊ Beihai မြို့မှာ တည်ဆောက်ခဲ့တဲ့ ၁၆ မဂ္ဂါဝပ် (16-megawatt) ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ် ပင်လယ်ကမ်းလွန် လေအားလျှပ်စစ်တာဘိုင်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီတာဘိုင်ရဲ့ ကြီးမားတဲ့ ပန်ကာဒလက်ဟာ အချင်း ၂၅၂ မီတာ (၈၂၇ ပေ) အထိ ကျယ်ဝန်းပြီး ဘောလုံးကွင်း ၇ ကွင်းစာ အရွယ်အစားလောက် ရှိပါတယ်။

The world's largest wind turbine set a new electricity generation record –  during a typhoon

အဲဒီတာဘိုင်ကို ရေနက်ပိုင်းမှာ တည်ငြိမ်မှုရှိအောင် အထူးဒီဇိုင်းထုတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး dynamic ballast system ပါဝင်တဲ့ တစ်စိတ်တစ်ပိုင်းရေမြုပ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုပေါ်မှာ တပ်ဆင်ထားပါတယ်။ ကျောက်ချကြိုးတွေ၊ ဂီယာဘောက်စ်တွေနဲ့ ballast system တွေအပါအဝင် အဓိကကျတဲ့ အစိတ်အပိုင်းတွေအားလုံးကို ပြည်တွင်းမှာပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

China debuts an offshore wind turbine with the world's largest rotor  diameter

ဒီတာဘိုင်ကို လည်ပတ်နိုင်ပြီဆိုရင် တစ်နှစ်ကို သန့်ရှင်းတဲ့စွမ်းအင် ကီလိုဝပ်နာရီ ၄၄.၇ သန်းလောက် ထုတ်လုပ်ပေးမှာဖြစ်ပြီး၊ ဒါဟာ ပျမ်းမျှ အမေရိကန်အိမ်ထောင်စု ၄,၀၀၀ ကျော်အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ဖြစ်ပါတယ်။

အဲဒီစနစ်ကို စီးပွားဖြစ်အသုံးပြုဖို့အတွက် ဓာတ်အားလိုင်းနဲ့ မချိတ်ဆက်ခင်မှာ စမ်းသပ်မှုတွေပြုလုပ်ဖို့ ပင်လယ်ကမ်းလွန်ဒေသဆီကို မကြာခင်မှာ ဆွဲယူသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation