တရုတ်နိုင်ငံဟာ စက်မှုလုပ်ငန်းသုံး စက်ရုပ်လောကမှာ ကမ္ဘာကို ဆက်လက်ဦးဆောင်နေပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် စံချိန်တင် စက်ရုပ် ၂၉၅,၀၀၀ ကို တပ်ဆင်ခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး တပ်ဆင်ခဲ့တဲ့ အရေအတွက်ရဲ့ ထက်ဝက်ကျော် ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း စက်မှုလုပ်ငန်းသုံး စက်ရုပ်အသစ် တပ်ဆင်မှုဟာ ၂၀၂၃ ခုနှစ်ကထက် ၉% တိုးတက်လာပြီး စုစုပေါင်း အလုံးရေ ၅၄၂,၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။

Top 5 countries using industrial robots in 2018: IFR

အခုအခါမှာ တရုတ်နိုင်ငံမှာ လည်ပတ်နေတဲ့ စက်မှုလုပ်ငန်းသုံး စက်ရုပ် စုစုပေါင်း ၂.၀၃ သန်း ရှိနေပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး စက်ရုပ်အင်အားစု ဖြစ်ပါတယ်။ ဒါဟာ ဂျပန် (၄၅၀,၀၀၀)၊ အမေရိကန် (၄၀၀,၀၀၀) နဲ့ တောင်ကိုရီးယား (၃၉၂,၀၀၀) တို့ထက် အဆပေါင်းများစွာ သာလွန်နေတာ ဖြစ်ပါတယ်။

The state of industrial robotics: challenges & opportunities

စက်ရုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာက မော်တော်ကားထုတ်လုပ်ရေး၊ အီလက်ထရွန်နစ် ပစ္စည်းတွေတပ်ဆင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလို အဓိကစက်မှုလုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်မြင့်မားအောင် ထိန်းသိမ်းရာမှာ တရုတ်ကို အထောက်အကူပြုနေပါတယ်။ အဲဒီစက်တွေက ဂဟေဆော်ခြင်း၊ အလေးချိန်များတဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းခြင်းနဲ့ တိကျကျ တပ်ဆင်ခြင်းလို ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးပြီး လူသားလုပ်သားအပေါ် မှီခိုမှုကို လျှော့ချပေးပါတယ်။

တရုတ်နိုင်ငံမှာ စက်ရုပ်အသုံးပြုမှု တိုးတက်လာချိန်ဟာ လူဦးရေဆိုင်ရာ စိန်ခေါ်မှုတွေနဲ့လည်း ကြုံတွေ့နေရတဲ့ အချိန် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေဟာ ၁.၃၉ သန်း လျော့ကျသွားခဲ့ပြီး လုပ်သားအင်အားကို လျော့နည်းစေခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ လုပ်သားနည်းပါးလာပေမယ့် ကုန်ထုတ်လုပ်မှုပမာဏကို ထိန်းသိမ်းထားနိုင်ဖို့ အလိုအလျောက်စနစ်က မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်။ Tsinghua တက္ကသိုလ်က ပါမောက္ခ Gao Xudong ကတော့ ရိုးရှင်းပြီး ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေကို စက်ရုပ်တွေက ပိုမိုလုပ်ဆောင်လာမှာဖြစ်ပေမယ့် ရှုပ်ထွေးပြီး တီထွင်ဖန်တီးရတဲ့ အလုပ်တွေကတော့ လူသားတွေရဲ့ ကျွမ်းကျင်မှုအပေါ်မှာပဲ ဆက်လက်မှီခိုနေရဦးမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

Ref : gizmochina