တရုတ် က အလိုအလျှောက် စက်ရုပ်တွေနဲ့ ဒရုန်းတွေကိုပဲ အသုံးပြုပြီး ဘေဂျင်း-ဟောင်ကောင်-မကာအို အဝေးပြးလမ်းရဲ့ ၁၅၈ ကီလိုမီတာ လမ်းပိုင်းကို အောင်မြင်စွာ ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ လမ်းတည်ဆောက်တဲ့ လုပ်ငန်းမှာ AI နဲ့ အလိုအလျှောက် စက်ယန္တရားတွေကို အသုံးပြုနိုင်တယ်ဆိုတာ သက်သေပြသနေပါတယ်။

ဒီစီမံကိန်းမှာ Resolution မြင့်မားတဲ့ ကင်မရာတွေ တပ်ဆင်ထားတဲ့ ဒရုန်းတွေကို အသုံးပြုကာ လမ်းကို ဆာဗေး လုပ်တာနဲ့ ပြုပြင်ဖို့လိုအပ်တဲ့ နေရာတွေကို စစ်ဆေးခဲ့ပါတယ်။ ဒရုန်းတွေဟာ တိကျတဲ့ ဒေတာတွေကို ထောက်ပံ့ပေးပြီး  စက်ရုပ်တွေက အလိုအလျှောက် တိကျစွာ လမ်းပြုပြင်ပေးခဲ့ပါတယ်။ ဒီနည်းလမ်းဟာ လမ်းပြုပြင်တည်ဆောက်တဲ့ အချိန်ကို များစွာ လျှော့ချပေးသလို ကားလမ်းပိတ်တဲ့ ပြဿနာကိုလည်း လျော့နည်းစေပါတယ်။ လမ်းပြုပြင်နေတုန်းမှာတောင် ကားတွေ အဆင်ပြေစွာ သွားလာနိုင်ကြပါတယ်။

ဒီစီမံကိန်းမှာ ဘေးကင်းလုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။ ဒရုန်းတွေမှာ အတားအဆီးတွေကို ရှောင်ရှားခြင်း၊ အရေးပေါ် ရပ်တန့်ခြင်း အပါအဝင် ဘေးကင်းလုံခြုံရေး စနစ်များစွာ ထည့်သွင်းထားပါတယ်။ ဒရုန်းတွေဟာ အန္တရာယ် အဆင့်အလိုက် လုပ်ငန်းဆောင်ရွက်တာကို အရှိန်လျှော့ချတာ၊ ရပ်နားတာတွေကို အချိန်နဲ့ တစ်ပြေးညီ ပြုလုပ်နိုင်ကြပါတယ်။

အလိုအလျှောက် မောင်းနှင်တဲ့ စက်တွေဟာ စင်တီမီတာ Level တိကျတဲ့ Beidou Satellite Positioning နဲ့ Latency နည်းပါးတဲ့ အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အသုံးပြုကာ လုပ်ငန်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ဟာ ကားလမ်း တည်ဆောက်တဲ့ လုပ်ငန်းမှာ စက်ရုပ်နဲ့ ဒရုန်းတွေကို အောင်မြင်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

Ref: myelectricsparks