Canalys ရဲ့ နောက်ဆုံးထွက် အစီရင်ခံစာအရ တရုတ်နိုင်ငံရဲ့ Desktop, Notebook နဲ့ Workstation ဈေးကွက်ဟာ ပထမသုံးလပတ်အတွက် စုစုပေါင်းတင်ပို့မှုပမာဏ ၁၁.၆၆ သန်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူတင်ပို့မှုဖြစ်တဲ့ ၁၁.၇၅ သန်းနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် ကျဆင်းသွားတာကို တွေ့နိုင်ပါတယ်။

Lenovo ကတော့ အဆိုပါကာလအတွင်းမှာ အလုံးရေ ၄.၂၉ သန်း တင်ပို့ရောင်းချခဲ့ရပါတယ်။ Lenovo ဟာ ဈေးကွက်ဝေစု ၃၇% နဲ့အတူ ဈေးကွက်ခေါင်းဆောင်အဖြစ် ထပ်ပြီးရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ Dell ကတော့ ၁.၃၉ သန်းနဲ့ ဈေးကွက်ရဲ့ ၁၂% ကို သိမ်းပိုက်ထားပြီး HP ကတော့ ၀.၉၇ သန်းနဲ့အတူ ဈေးကွက်ဝေစု ၈% ကိုယူရင်း တတိယနေရာကို ရယူခဲ့ပါတယ်။

ASUS ဟာ ၀.၈၃ သန်းဖြစ်ပြီး အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့သလို Huawei ကတော့ ၀.၇၁ သန်းဖြစ်ခဲ့ပြီး ထိပ်ဆုံး ငါးနေရာထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။ စုစုပေါင်းတင်ပို့မှုတွေထဲမှာ Notebook တွေဟာ ပေါင်းစပ်ယူနစ်ရဲ့ ၇.၇ သန်းနဲ့ ဈေးကွက်ဝေစု ၆% တိုးတက်လာတာတွေ့မြင်ရပါတယ်။ Desktop တွေကတော့ ၃.၉ သန်း ဖြစ်ပြီး ဒါဟာ နှစ်စဉ်ရောင်းချရမှုမှာ ၁၁% အဖြစ် ကျဆင်းသွားတာပါ။

တရုတ်နိုင်ငံတစ်ဝန်းမှာ COVID-19 ပျံ့နှံ့မှုဆက်လက်ဖြစ်ပွားနေပြီး Lockdown တွေလည်း ရှိနေသေးတာက PC ဝယ်လိုအားနဲ့ ရောင်းလိုအားအတွက် ဖိအားတွေကို ဖြစ်ပေါ်စေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ PC အသစ်တွေအတွက် ဝယ်လိုအားနည်းပါးလာသလို စားသုံးသူအသုံးစရိတ်နည်းပါးနေချိန်လည်းဖြစ်တဲ့အပြင် ထောက်ပံ့ရေးကွင်းဆက်တွေလည်း ထပ်ပြီးနှောင့်နှေးနေပါသေးတယ်။

တက်ဘလက်အပိုင်းမှာလည်း တင်ပို့မှုဟာ ၁၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ Apple ကတော့ ၁.၂ သန်း တင်ပို့ရောင်းချခဲ့ပြီး တက်ဘလက်ဈေးကွက်ဝေစုရဲ့ ၂၆% ကို ဆုပ်ကိုင်ရင်း တရုတ်ဈေးကွက်ကို ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။ Huawei ကတော့ ၀.၉၃ သန်းနဲ့ ၂၀% ဆုပ်ကိုင်ပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ Xiaomi ကတော့ ၀.၆ သန်းနဲ့ ဈေးကွက်ဝေစု ၁၃% ဖြစ်ပြီး တတိယနေရာမှာ ရှိနေပါတယ်။

Ref: GSM Arena