တရုတ်ရဲ့ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က လူ့ဦးနှောက်ကနေ ထိန်းချုပ်နိုင်တဲ့ ကွန်ပြူတာ ပစ္စည်းတွေကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

Chinese start-up Neuracle tests emerging 'micro-invasive' brain-computer  interface in pigs - Global Times

MIIT က လူ့ဦးနှောက်နဲ့ ကွန်ပြူတာကို ပေါင်းစပ်ခြင်း၊ လူ့ ဦးနှောက်နဲ့ တူတဲ့ Chip နဲ့ ဦးနှောက် ကွန်ပြူတာအတွက် မော်ဒယ် အပါအဝင် နည်းပညာ မျိုးစုံကို တီထွင်ဖို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ချက်က အသုံးပြုရလွယ်ကူပြီး ဘေးကင်းလုံခြုံတဲ့ လူ့ ဦးနှောက်ကနေ ထိန်းချုပ်နိုင်တဲ့ ကွန်ပြူတာ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပြီး ပြန်လည်သန်စွမ်းရေး ဆေးသိပ္ပံ၊ မောင်းသူမဲ့ ကားနည်းပညာနဲ့ Virtuality Reality တို့လို နယ်ပယ်တွေမှာ အသုံးချဖို့ ဖြစ်ပါတယ်။

Elon Musk ဟာ လူ့ ဦးနှောက်မှာ Chip ထည့်သွင်းကာ ကွန်ပြူတာကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်ဖို့ Neuralink ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ မကြာခင်ကပဲ Musk က Neuralink ဟာ ပထမဆုံး အကြိမ် အနေနဲ့ လူ့ ဦးနှောက်မှာ Chip ကို အောင်မြင်စွာ ထည့်သွင်းလိုက်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

The world’s first Brain-Computer Codec Chip (BC3), Brain Talker

နည်းပညာ လောကမှာ လျှင်မြန်စွာ တိုးတက်နေတဲ့ တရုတ်ဟာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လူ့ ဦးနှောက်ကနေ ကွန်ပြူတာကို ထိန်းချုပ်တဲ့ နည်းပညာကို ဖန်တီးနေတဲ့အတွက် Neuralink ကို တိုက်ရိုက် ယှဉ်ပြိုင်တော့မှာပါ။ ၂၀၁၉ ခုနှစ်မှာ တီယန်ဂျင်း တက္ကသိုလ်နဲ့ တရုတ် အစိုးရပိုင် China Electronics Corporation တို့ဟာ Brain Talker Chip ကိုပြသခဲ့ပါတယ်။ အဲဒီ Chip က လူ့ ဦးနှောက် လှိုင်းတွေကို ကွန်ပြူတာတွေ နားလည်နိုင်တဲ့ ဘာသာစကားအဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူ့ ဦးနှောက်ကနေ စဉ်းစား သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ကွန်ပြူတာ၊ ဖုန်းတွေက အလုပ်လုပ်ပေးပါတယ်။ ဒီနည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ အကြောသေနေသူတွေအတွက် အသုံးဝင်လာမှာပါ။

Ref : interestingengineering