မီးပျက်သွားချိန် ပြန်လည်ကောင်းမွန်မယ့်အချိန်ကို တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံ (၀.၁ စက္ကန့်) အထိ လျှော့ချပေးနိုင်တဲ့ စမတ် လျှပ်စစ်ဓာတ်အားလိုင်း နည်းပညာတစ်ခုကို တရုတ်နိုင်ငံက တီထွင်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဘေးကင်းပြီး တည်ငြိမ်စေဖို့အတွက် အဲဒီတီထွင်မှုက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Chinese tech recovers the grid from failure in just 0.1 seconds

အဲဒီ ဓာတ်အားလိုင်း ကာကွယ်ရေးနည်းပညာဟာ ပုံမှန်အားဖြင့် နာရီနဲ့ချီ ကြာမြင့်လေ့ရှိတဲ့ ဓာတ်အားလိုင်း ချို့ယွင်းမှုတွေကို မီလီစက္ကန့် တစ်ရာ (၀.၁ စက္ကန့်) အချိန်အတွင်း သီးခြားခွဲထုတ်ပြီး ပြန်လည်ပြင်ဆင်ပေးနိုင်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ Science and Technology Daily သတင်းမှာ ဖော်ပြထားပါတယ်။

China Grapples With Electricity Blackouts, Factory Shutdowns

ဒါ့အပြင် မီလီအမ်ပီယာ ၁၀၀ အဆင့်ရှိတဲ့ မိုက်ခရိုလျှပ်စီးကြောင်း ချို့ယွင်းချက်တွေကို ရှာဖွေဖော်ထုတ်ရာမှာ ကြုံရတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

လျှပ်စစ်စွမ်းအင်၊ သံမဏိနဲ့ ရထားပို့ဆောင်ရေးလို ကဏ္ဍတွေမှာ အသုံးပြုနေတဲ့ အဲဒီနည်းပညာကို တရုတ်တစ်နိုင်ငံလုံးမှာ ဖြန့်ကြက်ထားပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံကိုလည်း တင်ပို့ထားပါတယ်။ အဲဒီနည်းပညာကို State Grid Corporation of China ရဲ့ လက်အောက်ခံဖြစ်တဲ့ China Electric Power Research Institute က တီထွင်ခဲ့တာ ဖြစ်ပါတယ်။

“ခေတ်မီ လျှပ်စစ်ဓာတ်အားစနစ်တွေ ဘေးကင်းကင်း လည်ပတ်နိုင်ဖို့ အဓိက နည်းပညာဆိုင်ရာ ပံ့ပိုးမှုတစ်ခု ဖြစ်တာကြောင့် ဒီအောင်မြင်မှုဟာ မြို့တော်နဲ့ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု စိတ်ချရမှုကို အာမခံပေးရုံသာမက လျှပ်စစ်ပစ္စည်းကိရိယာတွေရဲ့ ဉာဏ်ရည်တုအခြေပြု ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးကိုလည်း မြှင့်တင်ပေးပါတယ်” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လေအားလျှပ်စစ်စီမံကိန်းတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတွေလိုမျိုး နေရာခွဲပြီး ထုတ်လုပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ပိုမိုဖြည့်စွက်လာတာနဲ့အမျှ ရိုးရာလျှပ်စစ်ဓာတ်အားလိုင်းတွေဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Ref : South China Morning Post