တရုတ် လျှပ်စစ်ကား ကုမ္ပဏီ Xpeng နဲ့ လက်အောက် ကုမ္ပဏီ AeroHT တို့ဟာ တရုတ်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို အသွင်ပြောင်းတော့မှာပါ။ AeroHT ဟာ ကားပျံအတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ နီးစပ်နေပါပြီ။

AeroHT ဟာ ကားပျံတွေကို တီထွင်နေတာ ဆယ်စုနှစ် ၁ ခု ကြာနေပြီ ဖြစ်ပြီး မကြာခင်က ကားပျံကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ CEO He Xiaopeng က Auto China 2024 မှာ ကားပျံတွေဟာ မြို့ထဲမှာ ခရီးသွားဖို့အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမယ်လို့ ပြောပါတယ်။

Chinese Tesla competitor Xpeng unveils plans for flying car : NPR

AeroHT က ကားပျံကို ဒီနှစ် ကွာတား ၄ မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် အချိန်နဲ့ဈေးနှုန်းကို မသိရသေးပါဘူး။ ယွမ် ၁ သန်း ( ဒေါ်လာ ၁၃၈,၀၀၀) ဝန်းကျင်နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

AeroHT ရဲ့ ကားပျံဟာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်ပြီး တရုတ်ဟာ လျှပ်စစ်ကား နည်းပညာမှာလည်း ထိပ်တန်းက ဦးဆောင်နေပါတယ်။ Xpeng ဟာ ကားပျံတွေအပြင် နေအိမ်မှာ အလုပ်လုပ်ပေးနိုင်တဲ့ စက်ရုပ်တွေကိုလည်း တီထွင်နေပါတယ်။

Ref : gizmochina