တရုတ်နိုင်ငံရဲ့ ပျမ်းမျှ ကျောင်းတက်ချိန်ဟာ U.S. ထက် နှစ်နာရီ ပိုရှည်ပြီး၊ ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုတွေ မပါဘဲ ပညာရပ်ဆိုင်ရာ သင်ကြားမှုကိုပဲ ဦးစားပေးပါတယ်။ အဲဒီ ချဉ်းကပ်ပုံက နိုင်ငံကို AI ပြိုင်ဆိုင်မှုမှာ အသာစီးရအောင် ကူညီပေးနေတယ်လို့ ရှုမြင်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်က သင်ကြားချိန် ရှည်ကြာတာ၊ စည်းကမ်းတင်းကျပ်တာ၊ နဲ့ အဆက်မပြတ် စာမေးပွဲစစ်တာတွေကို အလေးပေးပါတယ်။ ကျောင်းသားတွေဟာ တစ်နေ့ကို ဆယ်နာရီကျော် စာသင်ခန်းထဲမှာ အချိန်ကုန်လေ့ရှိပြီး၊ အဲဒီနောက်မှာတော့ အိမ်စာတွေနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ကျူရှင်တွေ ဆက်တက်ကြရပါတယ်။

တစ်ဖက်မှာတော့ U.S. ကျောင်းတွေက ပုံမှန်အားဖြင့် နေ့လယ်ခင်းလောက်မှာ ကျောင်းဆင်းလေ့ရှိပြီး၊ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပေါ့ပါးတဲ့ အိမ်စာတွေ ရှိပါတယ်။
အခုဆိုရင် Beijing မှာရှိတဲ့ ကျောင်းတွေက တစ်နှစ်ကို AI သင်တန်း အနည်းဆုံး ၈ နာရီ တက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါက ပညာရေး ပြိုင်ဆိုင်မှုက AI-မောင်းနှင်တဲ့ အနာဂတ်ကို ပုံဖော်နေတဲ့အတွက်၊ အသက် ၆ နှစ်လောက် ငယ်တဲ့ ကလေးတွေကအစ အခြေခံ နည်းပညာ Chatbot အသုံးပြုပုံနဲ့ AI ဆိုင်ရာ ကျင့်ဝတ်တွေကို သင်ယူနေရပါတယ်။
Ref : Fossbytes