Elon Musk ရဲ့ Tesla ခေတ် ကုန်ဆုံးသွားပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တရုတ် EV ကုမ္ပဏီ BYD က Tesla ကို ကျော်တက်ပြီး ကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ကား ကုမ္ပဏီအဖြစ် နေရာယူလိုက်ပါပြီ။ ၂၀၂၅ ခုနှစ်မှာ Tesla ရဲ့ ရောင်းအားက ၉ ရာခိုင်နှုန်းလောက် ကျဆင်းပြီး ၁.၆၄ သန်းပဲ ရောင်းခဲ့ရပေမယ့်၊ BYD ကတော့ ၂၈ ရာခိုင်နှုန်းလောက် တက်လာပြီး ၂.၂၅ သန်းကျော် ရောင်းချနိုင်ခဲ့တာပါ။

Getty Images A row of black Byd cars

Tesla ဘာလို့ ကျသွားတာလဲ။ မော်ဒယ်အသစ်တွေက ထင်သလောက် ခရီးမရောက်တာ၊ Elon Musk ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ကြတာတွေက အဓိက အကြောင်းရင်းတွေပါပဲ။ ဒါ့အပြင် အစိုးရထောက်ပံ့ကြေး ရပ်သွားတာနဲ့ Geely ၊ MG ၊ BYD တို့လို တရုတ်ပြိုင်ဘက်တွေက ဈေးသက်သက်သာသာနဲ့ ရောင်းလာကြတာကြောင့် Tesla တို့ အတော်လေး အကြပ်ရိုက်သွားခဲ့ရပါတယ်။

BYD vs Tesla: a BATTLE to be the #1 family car in NZ!

Elon Musk အတွက်တော့ စိန်ခေါ်မှုတွေက မသေးပါဘူး။ စံချိန်တင် လစာခံစားခွင့်ကြီး ရဖို့အတွက် နောက် ၁၀ နှစ်အတွင်း Tesla ရဲ့ ရှယ်ယာတွေ၊ ရောင်းအားတွေကို အကြီးအကျယ် ဆွဲတင်ရမှာပါ။ Humanoid စက်ရုပ် အကောင်ရေ တစ်သန်း ရောင်းဖို့လည်း ပါဝင်နေပါတယ်။ သူက “Optimus” နဲ့ “Robotaxis” တွေကို အားကိုးနေပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ Elon Musk တစ်ယောက် X ၊ SpaceX နဲ့ အစိုးရအလုပ်တွေကြားထဲ ဗျာများပြီး Tesla ကို လစ်လျူရှုထားမှာကို စိုးရိမ်နေကြပါတယ်။

BYD ဘက်ကို ကြည့်မယ်ဆိုရင်လည်း China ပြည်တွင်းမှာ ပြိုင်ဆိုင်မှုကြမ်းလို့ ရောင်းအားတက်နှုန်း နည်းနည်း အေးသွားပါတယ်။ ဒါပေမဲ့ ဈေးနှုန်းသက်သာတာက သူတို့ရဲ့ လက်နက်ပါပဲ။ နိုင်ငံတချို့က အခွန်တွေ တိုးကောက်နေတဲ့ကြားက Latin America ၊ South East Asia နဲ့ Europe ဘက်တွေမှာ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး UK ဆိုရင် သူတို့ရဲ့ အကြီးဆုံး ပြည်ပဈေးကွက်တောင် ဖြစ်လာခဲ့ပါပြီ။

Ref : bbc