တရုတ်မှာ ပြည်တွင်းဖြစ် ပထမဆုံး ဟိုက်ဒရိုဂျင် ရထားကိုအောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးအတွက် သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုတဲ့ နည်းပညာ နယ်ပယ်မှာ ခြေလှမ်း အသစ်စတင်လိုက်ပါတယ်။

China completes testing of country's first hydrogen-powered train -

Jilin ပြည်နယ်၊ Changchun မှာ သမိုင်းဝင်တဲ့ စမ်းသပ်မောင်းနှင်မှုကို ပြုလုပ်ခဲ့ပါတယ်။ ရထားကို CRRC Changchun Railway Vehicles က တည်ဆောက်ထားတာ ဖြစ်ပြီး လူအပြည့်တင်ထားရင် ၁ နာရီကို ၁၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။

ရထား သယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဒရိုဂျင် စွမ်းအင် နည်းပညာကို အသုံးပြုနိုင်တဲ့ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သမားရိုးကျ ရထားတွေမှာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာဆီနဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်ပြီး ဒီရထားမှာ ဟိုက်ဒရိုဂျင် တွန်းကန်အား စနစ်ကို အသုံးပြုထားပါတယ်။ ဒီရထားဟာ စွမ်းရည်မြင့်မားပြီး ကြာရှည်စွာ မောင်းနှင်နိုင်ပါတယ်။ ၁ ကီလိုမီတာကို ပျမ်းမျှ စွမ်းအင် စားသုံးမှုဟာ 5 Kilowatt-hours ပဲ ရှိပါတယ်။

China's Leap in Green Transit: Testing Success for First Hydrogen-Powered  Urban Train | RAILTARGET

ရထားဟာ ဟိုက်ဒရိုဂျင် ထပ်ဖြည့်စရာ မလိုဘဲ ၁,၀၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ စမ်းသပ်မောင်းနှင်မှု မလုပ်ခင် အပူချိန် အနုတ် ၂၅ ကနေ အပေါင်း ၃၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အတွင်း ရထားရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ပါတယ်။

တရုတ်ဟာ အနာဂတ်မှာ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ရထားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref : gizmochina