တရုတ်ရဲ့ United Aircraft Corporation က Wuhu Aviation Industrial Park မှာ Lanying R6000 အမည်ရ လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ဟာ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ၆ တန် လေယာဉ် ဖြစ်ပါတယ်။

နည်းပညာမြင့်မားတဲ့ လေယာဉ် ဖြစ်ပြီး အလိုအလျှောက် မောင်းနှင်နိုင်သလို လူက ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ မိုင် ၂,၅၀၀ ( ၄,၀၀၀ ကီလိုမီတာ) အကွာအဝေး မောင်းနှင်နိုင်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၃၄၀ မိုင် ( တစ်နာရီကို ၅၅၀ ကီလိုမီတာ) ပျံသန်းနိုင်ပါတယ်။ ကုန်ပစ္စည်း အလေးချိန် ၂ တန်နဲ့ ခရီးသည် ၁၀ ယောက် အထိ သယ်ဆောင်နိုင်ပါတယ်။

International Defence Analysis on X: "China has developed the world's first  6-ton tilt-rotor UAV, the Zhang Ying R6000. It has a maximum takeoff weight  of 6 tons, a cruising speed of 550

မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ပြီး လေပေါ်မှာ ရပ်တန့်ထားနိုင်တဲ့ စွမ်းရည် ပါတဲ့အတွက် Lanying R6000 ဟာ ဟယ်လီကော်ပတာရဲ့ စုံလင်တဲ့ စွမ်းရည်နဲ့ လေယာဉ်ရဲ့ မြင့်မားတဲ့ အမြန်နှုန်းကို ပေါင်းစပ်ထားပါတယ်။

Lanying R6000 လေယာဉ်ဟာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ ခရီးသည်ပို့ဆောင်ရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆန်းသစ်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Ref : Fossbytes