Baidu နဲ့ Geely တို့ တည်ထောင်ထားတဲ့ တရုတ် EV ကား ကုမ္ပဏီ JiYue က ROBO X အမည်ရ ဉာဏ်ရည်မြင့် စွမ်းရည်မြင့် EV ကားကို ပြသလိုက်ပါတယ်။ ဒီကားဟာ ၁.၉ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၆၀ မိုင် အမြန်နှုန်းတင်နိုင်ပြီး အားအပြည့်သွင်းထားရင် မိုင် ၄၀၀ မောင်းနှင်နိုင်ပါတယ်။

ROBO X ကို ကာဘွန်ဖရိမ်နဲ့ တည်ဆောက်ထားပြီး မော်တာ ၄ လုံး တပ်ဆင်ထားကာ Liquid-cooled Drive System ပါပါတယ်။

မောင်းသူမဲ့ စနစ်နဲ့ AI အတွက် Baidu ရဲ့ Apollo နည်းပညာကို အသုံးပြုထားပြီး စမတ် Cockpit နဲ့ Real-time Feedback ပါပါတယ်။ JiYue ရဲ့ AI Voice Model နဲ့ Simo Virtual Assistant တို့ ပါလာပြီး ယာဉ်မောင်းဟာ Voice Command နဲ့ မေးလိုက်တာနဲ့ ကားရဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီသိနိုင်ပါတယ်။

စူပါကား ဒီဇိုင်းဟာ 2024 German Red Dot Design နဲ့ 2025 German Design Award ကို ရထားပါတယ်။

2024 Guangzhou Auto Show မှာ ပြသထား ၄၉,၉၉၉ ယွမ် (၆,၉၁၅ ဒေါ်လာ) စရန်ငွေ ပေးကာ ကြိုတင်မှာယူနိုင်ပါပြီ။ ၂၀၂၇ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ROBO X ဟာ တရုတ် အင်တာနက် ချိတ်ဆက်နိုင်တဲ့ နည်းပညာ ပါတဲ့ ကားတွေကို Ban ထားတဲ့ အမေရိကန်မှာ ရောင်းချမှာ မဟုတ်ပါဘူး။

Ref: Technology Innovation