တရုတ်နိုင်ငံဟာ ကမ္ဘာ့ရေနဲ့ စွမ်းအင်စနစ်တွေကို ပြောင်းလဲပစ်နိုင်မယ့် ထူးခြားတဲ့ စက်ရုံတစ်ရုံကို နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ စက်ရုံဟာ ပင်လယ်ရေကနေ ရေချိုရေသန့်ထုတ်လုပ်ရာမှာ ကုဗမီတာ တစ်ခုကို ၂ ယွမ် (အမေရိကန်ဒေါ်လာ ၀.၂၈) သာ ကုန်ကျပြီး ဘေးထွက်ပစ္စည်းအနေနဲ့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကိုပါ ထုတ်လုပ်ပေးနိုင်ပါတယ်။

High levels of 'forever chemicals' mainly from drugs may be contaminating drinking water for 23 million Americans | CNN

Rizhao မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ အဲဒီ စက်ရုံအငယ်စားလေးဟာ ပင်လယ်ရေနဲ့ အနီးနားက သံမဏိနဲ့ ရေနံဓာတုစက်ရုံတွေကထွက်တဲ့ အပူစွန့်ပစ်ပစ္စည်းတွေကိုပဲ လုံးဝ အသုံးပြုလည်ပတ်ထားတာ ဖြစ်တယ်လို့ ပြည်နယ်သတင်းဌာန Dazhong က စနေနေ့မှာ ဖော်ပြထားပါတယ်။

စက်ရုံဟာ ၃ ပတ်ကျော်ကြာ ဆက်တိုက် လည်ပတ်နေပြီး ကုန်ကျစရိတ်များတဲ့ ရေချိုထုတ်လုပ်မှုတွေ၊ တန်ဖိုးရှိတဲ့ ရေချိုအရင်းအမြစ်တွေ မလိုဘဲ သန့်စင်မှုမြင့်မားတဲ့ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပေးနေတယ်လို့ သတင်းမှာ ဆိုပါတယ်။

Is It Safe to Drink Tap Water? - Discount Water Softeners

နှစ်စဉ် ပင်လယ်ရေ တန်ချိန် ၈၀၀ ကို သန့်စင်လိုက်တိုင်း စက်ရုံစနစ်က စက်မှုလုပ်ငန်း အအေးပေးစနစ်တွေနဲ့ အိမ်သုံးအတွက် သင့်လျော်တဲ့ အလွန်သန့်စင်တဲ့ ရေချို ကုဗမီတာ ၄၅၀ (၁၁၈,၈၇၇ ဂါလန်) ကို ရရှိစေပါတယ်။

ဒါ့အပြင် အစိမ်းရောင် ဟိုက်ဒရိုဂျင် စံကုဗမီတာ ၁၉၂,၀၀၀ နဲ့ ပင်လယ်ရေဓာတုထုတ်ကုန်တွေအတွက် သတ္တုဓာတ်ကြွယ်ဝတဲ့ ဆားရည် တန်ချိန် ၃၅၀ ကိုလည်း ထုတ်လုပ်ပေးတာကြောင့် “တစ်မျိုးဝင် သုံးမျိုးထွက်” (one-in, three-out) စီးပွားရေးပုံစံကို ဖော်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ကုဗမီတာတစ်ခုကို လျှပ်စစ်စွမ်းအင် ၄.၂ ကီလိုဝပ်သာ ကုန်ကျပြီး ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ပမာဏဟာ ဘတ်စ်ကား ၁၀၀ ကို တစ်နှစ်လျှင် ၃,၈၄၀ ကီလိုမီတာ (၂,၃၈၆ မိုင်) မောင်းနှင်နိုင်ဖို့ လုံလောက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Ref : South China Morning Post