JD.com ရဲ့ နည်းပညာ ကုမ္ပဏီ JD Technology က Non-fungible Tokens or NFTs တွေကို ပြသလိုက်ပြီး ပြိုင်ဖက် Alibaba ရဲ့ လမ်းစဉ်နောက်ကို လိုက်လာပါပြီ။ JD Technology က နှစ်စဉ်ကျင်းပတဲ့ ကုမ္ပဏီရဲ့ Conference ကို ဂုဏ်ပြုတဲ့ အနေနဲ့ Limited-edition NFTs ၇ ခုကို အခမဲ့ပေးမှာ ဖြစ်ပါတယ်။

JD ရဲ့ ပထမဆုံး NFTs ကို JD Chain လို့ခေါ်တဲ့ JD Technology ရဲ့ ကိုယ်ပိုင် Blockchain ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက User တွေ NFT Collection တွေကို သိမ်းဆည်းနိုင်၊ Verify လုပ်နိုင်၊ ရောင်းဝယ်နိုင်ပြီး ခြေရာခံနိုင်တဲ့ NFT Technical Service ပလက်ဖောင်း ၁ ခုကို ဖန်တီးပြီးပြီလို့ ပြောပါတယ်။

Chinese E-commerce Giant JD.com Reveals NFTs - Todayuknews

ဩဂုတ်လမှာ Tencent နဲ့ Alibaba တို့ကို ကိုယ်ပိုင် NFTs ပလက်ဖောင်းတွေကို တည်ထောင်ခဲ့ကြပါတယ်။

JD.com ရဲ့ NFTs ၇ ခုမှာ လာဘ်ကောင်တွေ ဖြစ်ပြီး ၁ ခုချင်းစီဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ ရောင်းဝယ်ခြင်း၊ နည်းပညာ၊ သယ်ယူပို့ဆောင်ခြင်း၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ စမတ် မြို့တော်တွေကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်ကနေ နိုဝင်ဘာလ ၂၂ ရက်အတွင်း ကျင်းပမယ့် ကုမ္ပဏီရဲ့ Discovery Conference ကို တက်ရောက်ဖို့ စာရင်းပေးသွင်းသူတွေကို NFT ၁ ခု လက်ဆောင်ပေးမှာပါ။ သူတို့က တခြားလူတွေ တက်ရောက်ဖို့ ဖိတ်ကြားရင် NFTs တွေ ပိုရမှာပါ။

JD Technology ဟာ တရုတ်ရဲ့ အကြီးမားဆုံး အင်တာနက် စီးပွားရေးလုပ်ငန်းကြီး JD.com ရဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး JD Technology ဟာ Blockchain, Fintech , AI , Healthtech နဲ့ Cloud Service တွေကို ဖန်တီးနေပါတယ်။

Ref : coindesk