တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ကုမ္ပဏီရဲ့ နှစ်ကုန်ပိုင်းပါတီပွဲမှာ နောက်ဆုံးပေါ် iPhone ပေါက်ခဲ့ပေမယ့် ဘူးကို ဖွင့်ကြည့်လိုက်တဲ့အခါ ကြွေပြားတွေသာ ဖြစ်နေတဲ့အတွက် အရမ်းကို စိတ်ပျက်ခဲ့ရပါတယ်။

The above image shows, from left to right, the iPhone box, the tiles and the chocolates. Photo: Weibo

တောင်ပိုင်း ကွမ်တုံပြည်နယ်က ကျန်ကျန် လို့ခေါ်တဲ့ အဲဒီအမျိုးသားဟာ နှစ်ကုန်ပိုင်းပါတီရဲ့ ပထမဆုကြီးဖြစ်တဲ့ iPhone 17 Pro Max ကို ပေါက်သူအဖြစ် ကြေညာခံရတဲ့အချိန်မှာ အရမ်းကို ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ ဒါကြောင့် ဇနီးဖြစ်သူကို အံ့သြသွားအောင်လုပ်ဖို့ အိမ်ရောက်မှပဲ ဘူးကို ဖွင့်ကြည့်မယ်လို့ သူက ဆုံးဖြတ်ခဲ့ပါတယ်။

အွန်လိုင်းမှာ သူတင်ထားတဲ့ ဗီဒီယိုအရ ဆုမဲဘူးဟာ အစစ်နဲ့တူတဲ့ iPhone 17 Pro Max ဘူးဖြစ်ပြီး၊ ဘရန်းတံဆိပ်ပါတဲ့ စျေးဝယ်အိတ်အပြင် တန်ဖိုး ယွမ် ၉,၉၈၈ (အမေရိကန်ဒေါ်လာ ၁,၄၅၀) လို့ ပြထားတဲ့ ဘောက်ချာပြေစာတွေပါ ပါဝင်ပါတယ်။ ကုမ္ပဏီအကြီးအကဲကတောင် ပါတီပွဲမှာ ဆုမဲကို တန်ဖိုးနဲ့တကွ ကြေညာခဲ့တာဖြစ်လို့ လူတိုင်းက သူ အိုင်ဖုန်းပေါက်တယ်လို့ပဲ ယုံကြည်ခဲ့ကြပါတယ်။

Jiang was ecstatic when he thought he had won an Apple iPhone 17 Pro Max. Above. Photo: Shutterstock

ဒါပေမယ့် အိမ်ရောက်လို့ ဘူးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ချောကလက် နှစ်ခု၊ သကြားလုံး သုံးခုနဲ့ ကြွေပြားတချို့ကိုပဲ တွေ့ခဲ့ရပါတယ်။ ပါတီပွဲမှာ ကံအကောင်းဆုံးလူလို့ သူက ထင်မှတ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ အရှုံးသမားကြီး ဖြစ်သွားခဲ့ပါတယ်။

ပွဲစီစဉ်သူတွေက အစစ်နေရာမှာ တန်ဖိုးနည်းပစ္စည်းတွေနဲ့ ခိုးပြီး လဲလှယ်လိုက်တာလို့ လူအများက ထင်ခဲ့ကြပေမယ့် ဒါဟာ သူ့မန်နေဂျာရဲ့ နောက်ပြောင်မှုသက်သက်သာ ဖြစ်တယ်လို့ ကျန် က ရှင်းပြပါတယ်။

“၂၀၂၆ ခုနှစ်ကို ကံကောင်းခြင်းတွေနဲ့ စတင်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သူတို့က ကျွန်တော့်အတွက် နှစ်ကုန်ပါတီကို April Fools’ Day ပွဲအဖြစ် ပြောင်းလဲပစ်ခဲ့တယ်” လို့ ကျန် က ပြောပါတယ်။ ဖုန်းကို သူ မလိုအပ်ပေမယ့် နောက်ပြောင်ခဲ့သူတွေအနေနဲ့ သူ့ကို လူသိရှင်ကြား တောင်းပန်ဖို့ သူက တောင်းဆိုထားပါတယ်။

Ref: South China Morning Post