တရုတ် အခြေစိုက် robotics ကုမ္ပဏီ AgiBot ဟာ မင်္ဂလာဆောင်တွေ၊ ကော်ပိုရိတ် အစည်းအဝေးတွေ၊ ဖျော်ဖြေပွဲတွေနဲ့ ကုန်စည်ပြပွဲတွေလို ပွဲတွေအတွက် humanoid robot တွေကို ငှားရမ်းနိုင်မယ့် Qingtian Rent ဆိုတဲ့ ပလက်ဖောင်းသစ်တစ်ခုကို စတင် မိတ်ဆက်လိုက်ပါတယ်။

Qingtian Rent ဟာ ပွဲအမျိုးအစား ၁၆ ခုအတွက် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ငှားရမ်းခဈေးနှုန်းထဲမှာ နည်းပညာပံ့ပိုးမှုနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပါဝင်ပါတယ်။ သူက ဝန်ဆောင်မှုပေးသူ အမျိုးမျိုးဆီက robot ငှားရမ်းမှုတွေကို စံသတ်မှတ်ချက်တစ်ခုတည်းဖြစ်အောင် လုပ်ဆောင်ပေးထားတဲ့ ဗဟိုထိန်းချုပ် ပလက်ဖောင်းတစ်ခုအပေါ်မှာ လည်ပတ်နေတာပါ။

ငှားရမ်းခတွေကတော့ မော်ဒယ်အလိုက် ကွာခြားမှုရှိပါတယ်။ ကခုန်နိုင်တဲ့ Unitree U2 robot တစ်ရုပ်ကို တစ်ရက် ငှားရမ်းခက ဒေါ်လာ ၆၉၀ ဝန်းကျင်ရှိပြီး Unitree Go2 Air စက်ရုပ်ခွေးကတော့ တစ်ရက်ကို ဒေါ်လာ ၁၃၈ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ AgiBot ရဲ့ ပိုပြီးအဆင့်မြင့်တဲ့ Yuanzheng A2 humanoid robot ကတော့ တစ်ရက်ကို ဒေါ်လာ ၁,၃၈၀ ဝန်းကျင်နဲ့ ငှားရမ်းနိုင်မှာပါ။
တရုတ် ရဲ့ robot ငှားရမ်းမှု ဈေးကွက်ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ သန်း ၁၄၀ ကျော် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပြီး လာမယ့်နှစ်မှာတော့ ဒေါ်လာ ၁.၄ ဘီလီယံကျော်အထိ တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။
US မှာ robot ငှားရမ်းမှုတွေ ရှိပေမယ့် တရုတ်ကတော့ “Robots as a Service” ကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့ဖို့နဲ့ humanoid robot တွေကို နေ့စဉ်ဘဝမှာ အသုံးပြုလာနိုင်ဖို့ ပိုပြီးကြီးမားပြီး စနစ်ကျတဲ့ တွန်းအားပေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ref : Technology Innovation