စမတ်ဖုန်းအသစ် ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒါဟာ သတင်းဆိုးပါပဲ။ ကမ္ဘာတစ်ဝန်းမှာ ဆီမီကွန်ဒတ်တာနဲ့ မှတ်ဉာဏ်ချစ်ပ်ပြား (Memory) ဈေးနှုန်းတွေ အဆမတန် ထိုးတက်သွားတဲ့အတွက် တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Vivo ဟာ ဗုဒ္ဓဟူးနေ့ကစပြီး ဖုန်းဈေးတွေကို တိုးမြှင့်ကောက်ခံသွားတော့မှာပါ။ Vivo နဲ့ သူ့ရဲ့ခွဲထွက်အမှတ်တံဆိပ် iQOO တို့ဟာ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Oppo နဲ့ Honor တို့ရဲ့ ခြေရာကို နင်းပြီး အခုလို ဈေးတင်လိုက်တာ ဖြစ်ပါတယ်။

Vivo is raising smartphone prices from Wednesday. Photo: Coco Feng

တခြားနာမည်ကြီး ဖုန်းကုမ္ပဏီတွေဘက်မှာလည်း Oppo က ဈေးနှုန်းအပြောင်းအလဲတွေကို တနင်္လာနေ့ကစပြီး တရားဝင် စတင်ကျင့်သုံးနေပါပြီ။ အလားတူပဲ ပြီးခဲ့တဲ့အပတ်ကမှ အသစ်မိတ်ဆက်လိုက်တဲ့ Honor ရဲ့ အဆင့်မြင့်စမတ်ဖုန်း Magic V6 ဆိုရင်လည်း အမြင့်ဆုံးမော်ဒယ်က အရင်ထွက်ခဲ့တဲ့ဖုန်းထက် တန်ဖိုး ယွမ် ၁,၀၀၀ (US$ 145) လောက်အထိကို ဈေးပိုများနေပါတယ်။ ဒီလကုန်ပိုင်းမှာ တခြား Honor မော်ဒယ်တွေလည်း ဆက်ပြီး ဈေးတက်လာဖို့ ရှိနေပါတယ်။

If you're planning to buy a OnePlus or Oppo phone, don't wait too long |  Android Central

ဒီလိုအခြေအနေမှာ Xiaomi ကရော သူတို့ရဲ့ နာမည်ကြီး K-series ဖုန်းတွေကို ဈေးတင်မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒီအပေါ်မှာ Xiaomi ရဲ့ စမတ်ဖုန်းလုပ်ငန်းဥက္ကဋ္ဌ Lu Weibing က “ပြိုင်ဘက်တွေ ဘာလို့ ဈေးတင်နေရလဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ အားလုံးက ဖိအားတွေအောက် ရောက်နေပြီး ဒီလို ကုန်ကျစရိတ်တွေကို ကိုယ်တိုင်ကျခံရတာက ကျွန်တော်တို့အားလုံးအတွက် တော်တော်လေး နာကျင်ရပါတယ်” လို့ Weibo လူမှုကွန်ရက်မှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလာပါတယ်။

ဒီလို ဖုန်းဈေးတွေ တဟုန်ထိုး တက်လာရတဲ့ အဓိကတရားခံကတော့ AI ဆာဗာတွေရဲ့ လိုအပ်ချက် များပြားလာတာနဲ့အတူ မှတ်ဉာဏ်ချစ်ပ်ပြားတွေ ဈေးကွက်ထဲမှာ ပြတ်လပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှုတွေကို ချက်ချင်း အမြန်မတိုးချဲ့နိုင်သေးတဲ့အပြင် ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် သတ္တုနဲ့ စွမ်းအင်လိုမျိုး ကုန်ကြမ်းစရိတ်တွေပါ မြင့်တက်လာနေတာက စမတ်ဖုန်းကုမ္ပဏီတွေကို အကြီးအကျယ် အခက်တွေ့စေတာ ဖြစ်ပါတယ်။

Ref : South China Morning Post