တရုတ် ကုမ္ပဏီ Space Transportation က မြန်နှုန်းမြင့် အာကာသလေယာဉ်ကို တီထွင်နေပြီး ဒုံးပျံမှာ အတောင်ပံ တပ်ဆင်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ၁ နာရီကို မိုင် ၂,၆၀၀ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး နယူးယောက် ကနေ ဘေဂျင်း နဲ့ နယူးယောက် ကနေ လန်ဒန်ကို ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်ပါတယ်။

A Chinese company is developing an 'ultra-fast' space plane that will be able to take passengers to any point on Earth by going into space and coming back down

ကုမ္ပဏီက “ ဒုံးပျံ လေယာဉ် ခေါ် အာကာသ လေယာဉ်ဟာ ဂြိုလ်တုတွေကို သယ်ဆောင်တဲ့ ဒုံးပျံတွေထက် ကုန်ကျစားရိတ် သက်သာပြီး သမားရိုးကျ လေယာဉ်တွေထက် ပိုမြန်တယ်လို့ ပြောပါတယ်။ ကမ္ဘာမြေက တည်နေရာ ၂ ခုအကြားမှာ လျှင်မြန်စွာ ခရီးသွားနိုင်အောင် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပြီး ကမ္ဘာပတ် လမ်းကြောင်းကနေ ပို့ဆောင်ပေးတဲ့အတွက် ထူးခြားဆန်းသစ်ပါတယ်။

Named Tianxing I, the rocket takes off vertically, with a smaller passenger plane attached, until it reaches a high enough altitude, at which point the plane is detached and sent hurtling into space at about 2,600 miles per hour

Space Transportation ရဲ့ Website က သရုပ်ပြ ဗီဒီယို အရ ခရီးသည်တွေဟာ ဒုံးပျံ တပ်ဆင်ထားတဲ့ အာကာသ လေယာဉ် အပေါ် တက်သွားပါတယ်။ ဒုံးပျံဟာ မြေပြင်ကနေ ဝေဟင်ကို ဒေါင်လိုက် ပျံတက်သွားပြီးနောက်မှာ လေယာဉ်ဟာ ဒုံးပျံကနေ ခွာထွက်သွားကာ ကမ္ဘာပတ် လမ်းကြောင်းကနေ ခရီးဆက်နှင်သွားပါတယ်။ အဲဒီနောက် လေယာဉ်ဟာ အရှေ့ အလယ်ပိုင်းက ဒူဘိုင်းကို ရောက်ရှိသွားပြီး အနောက်ဘက်က ခြေထောက် ၃ ခုထွက်လာကာ ဒေါင်လိုက် ဆင်းသက်သွားပါတယ်။

Space Transportation က ၂၀၂၃ ခုနှစ်မှာ မြေပြင် စမ်းသပ်မှုကို စတင်ပြုလုပ်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပထမဆုံး ပျံသန်းမှုကို လုပ်ဆောင်မယ်လို့ ပြောပါတယ်။ ၂၀၂၅ ခုနှစ်မှာ ခရီးသည်တွေတင်ဆောင်ကာ ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားပါတယ်။

Ref : space.com