တရုတ် အင်တာနက်နဲ့ နည်းပညာ ကုမ္ပဏီကြီးတွေဟာ Cryptocurrency နဲ့ ဒစ်ဂျစ်တယ် Collectible (NFT) တွေကို ပိတ်ပင်မယ့် သဘောတူ စာချုပ်တစ်ခုကို တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကုမ္ပဏီတွေက NFT နဲ့ Cryptocurrency ဈေးကွက်တွေ မပေါ်ပေါက်လာစေဖို့ ကတိပေးထားကြပါတယ်။

Non-fungible token, NFT, cryptocurrency, blockchain

Tencent နဲ့ Ant Group တို့ဟာ Cryptocurrency ကို ပိတ်ပင်ဖို့ သဘောတူညီလိုက်ကြတယ်လို့ South China Morning Post က ပြောပါတယ်။

တရုတ် နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ သဘောတူစာချုပ်မှာ “ ဒစ်ဂျစ်တယ် Collectible တွေကို ရောင်းချတဲ့ ပလက်ဖောင်းတွေဟာ တကယ့် နာမည်အစစ်နဲ့ သက်သေခံပေးဖို့ လိုအပ်ပါတယ်။ လိုင်စင် မရသေးတဲ့ ထုတ်ကုန်တွေ၊ ငွေကြေး ပစ္စည်းတွေ မပါဝင်ရပါဘူး။ “ လို့ ရေးသားထားပါတယ်။

Are NFTs The New Crypto? A Guide To Understanding Non-Fungible Tokens

ဧပြီလတုန်းက National Internet Finance Association of China,  China Banking Association နဲ့ Securities Association of China တို့ဟာ NFT တွေ အသုံးပြုမှုကို တားမြစ်မယ့် သဘောတူညီချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် အစိုးရဟာ အရင်နှစ် ဇူလိုင်လတုန်းက Bitcoin Mining ကို ပိတ်ပင်ခဲ့ပြီး ဒစ်ဂျစ်တယ် တရုတ် ယွမ် (e-CNY) လို့ ခေါ်တဲ့ ဗဟိုဘဏ်ရဲ့ ဒဏ်ဂျစ်တယ် ငွေကြေး (CBDC) ကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ တရုတ်ဟာ အရင်နှစ် စက်တင်ဘာလက Cryptocurrency လွှဲပြောင်းမှု အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

Ref : business-standard