တရုတ် နိုင်ငံ၊ Sichuan ဒေသက နည်းပညာ influencer တစ်ဦးဖြစ်တဲ့ Fan Shisan ဟာ ဒရုန်းနည်းပညာကို သုံးပြီး တည်ဆောက်ထားတဲ့ “ပျံသန်းနေတဲ့ ဓား” (flying swords) အုပ်စုလိုက်ကို ပြသလိုက်ပြီးနောက်မှာ လူမှုကွန်ရက်မှာ ရေပန်းစားလာပါတယ်။

Sword Enthusiast Built Himself a Fleet of Flying Blades

အဲဒီ ဗီဒီယိုထဲမှာ ဓားပုံစံ ဒရုန်း ၁၀ စင်းကျော်ဟာ တပြိုင်နက်တည်း ပျံတက်သွားပြီး Fan Shisan က motion-sensing နည်းပညာကို သုံးကာ လက်ဟန်အမူအရာတွေနဲ့ လေထဲမှာ ထိန်းချုပ် မောင်းနှင်ပြနေတာ ဖြစ်ပါတယ်။

May be an image of helicopter and text that says '場 ች 北 FOSSBYTES Chinese Man Unleashes Flying Swords Made Using Drones And Controls Them With His Hands'

ဓားတစ်လက်စီဟာ quadcopter လိုမျိုး အလုပ်လုပ်တာဖြစ်ပြီး ဓားထိပ်ဖျား၊ ဓားရိုးနဲ့ ဓားလက်ကိုင် ဘေးတစ်ဖက်တစ်ချက်စီမှာ ပန်ကာတွေ တပ်ဆင်ထားပါတယ်။

Fan Shisan ဟာ အရင်ကလည်း လူစီးလို့ရလောက်အောင် ခိုင်ခံ့တဲ့ အကြီးစား hover-sword ကို တည်ဆောက်ခဲ့ဖူးပြီး Guinness World Records ၂ ခုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

သူ့ရဲ့ နောက်ထပ် ရည်မှန်းချက်ကတော့ ရှေးခေတ် သိုင်းဝတ္ထု (wuxia) တွေထဲကလို “ဓားတစ်သောင်း ပေါင်းစည်းခြင်း” (ten thousand swords as one) ဆိုတဲ့ ဒရုန်းအုပ်စုလိုက် ပျံသန်းမှုကို လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။

Ref : Fossbytes