Android ၊ iOS ၊ Windows နဲ့ macOS တွေအကုန်လုံးမှာ Dark Mode ကို Support ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Google Chromebook တွေမှာ အသုံးပြုထားတဲ့ Chrome OS ကတော့ လက်ရှိအချိန်အထိ Dark Mode ရရှိသေးခြင်းမရှိသေးပါဘူး။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Google ဟာ Chrome OS ရဲ့ Experimental Canary Channel ကနေတစ်ဆင့် Dark Mode ကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ Android Central ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Chrome Canary Channel ဟာ Feature အသစ်တွေကို နေ့စဥ်စမ်းသပ်ပြီး Update ကို ဆက်တိုက်ထုတ်ပေးနေတဲ့ Channel တစ်ခုဖြစ်ပြီး Google ကိုယ်တိုင်ကနေ Daily အသုံးပြုမယ့်သူတွေအတွက် မသင့်တော်ဘူးလို့ သတိပေးထားတာလည်းဖြစ်ပါတယ်။ Dark Mode ကို အသုံးပြုနိုင်ဖို့အတွက်လည်း Chrome Canary Channel ဝင်ရောက်ထားရုံတင်မဟုတ်ဘဲ URL Bar မှာ “chrome://flags/#enable-force-dark and chrome://flags/#enable-webui-dark-mode” ဆိုပြီး Flag တစ်ခုကို Enable ပြုလုပ်ရဦးမှာဖြစ်ပါတယ်။

Android Central ရဲ့ ပြောကြားချက်အရတော့ Chrome OS အတွက် Dark Mode ဟာ လူတိုင်းအသုံးပြုနိုင်ခြင်းမရှိသေးသလို Bug တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Google ဟာ တခြားသော Google App တွေနဲ့ Service တွေဖြစ်တဲ့ Gmail ၊ Google Calendar ၊ Google Fits အပါအဝင်အကုန်လုံးနီးပါးကို Dark Mode Update ထုတ်ပေးထားပြီးဖြစ်ပါတယ်။

Google အနေနဲ့ကတော့ Chrome OS အတွက် Dark Mode နဲ့ ပတ်သက်ပြီး တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် မကြာခင်မှာ Update ရရှိလာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – The Verge