Chromecast with Google TV HD ကို ကြေညာလိုက်ပြီး အမေရိကန်မှာ ဒေါ်လာ ၃၀ နဲ့ ရောင်းချပေးလိုက်ပါပြီ။ ၂၀၁၈ ခုနှစ်ထုတ် ၃၅ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ အခြေခံ Chromecast ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး စွမ်းဆောင်ရည်က ပိုနိမ့်ပါတယ်။

Chromecast with Google TV (HD) is 1080p-only, $30 - Android Authority

နာမည်မှာ HD ပါပေမယ့် တကယ်တော့ 1080p အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒေါ်လာ ၅၀ တန် 4K မော်ဒယ်ထက် Resolution နိမ့်ကျပေမယ့် HDR Output ကို ထောက်ပံ့ပါတယ်။ အရွယ်သေး TV တွေမှာတော့ 1080p နဲ့ 4K ကြားက ကွာခြားချက်က မသိသာပါဘူး။

Chromecast with Google TV HD မှာ နာမည်ကြီး Streaming Services တွေကို အသုံးပြုနိုင်ပြီး Stadia နဲ့လည်း ဂိမ်းတွေ ကစားနိုင်ပါတယ်။ ( Remote နဲ့  ကစားလို့ မရဘဲ Controller တော့ လိုအပ်ပါတယ်။ )Amlogic S805X2 Chipset မောင်းနှင်ထားပြီး 1.5GB RAM နဲ့ 8GB Storage ထည့်သွင်းထားပါတယ်။ Android TV App ထောင်ဂဏန်းကို အင်စတောလုပ်နိုင်ပါတယ်။

Google Online Store, Best Buy နဲ့ Amazon တို့ကနေ ရောင်းချပေးနေပြီး Snow White ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။ ဂျာမနီမှာ HD Version ကို ယူရို ၄၀ နဲ့ 4K Version ကို ယူရို ၇၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena