Rockstar Games ရဲ့ Grand Theft Auto 5 ကို Epic Games Store မှာ အခမဲ့ ပေးနေတာကို ရပ်နားလိုက်ပါပြီ။ အခုတော့ နောက်ထပ် ဂိမ်း ၁ ခုကို အခမဲ့ ပေးနေပါတယ်။ အဲ့ဒါက Sid Meier ရဲ့ Civilization 6 ဖြစ်ပြီး မေလ ၂၈ ရက်မတိုင်ခင်အထိ Epic Games Store ကနေ အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ဂိမ်းဟာ  Strategy ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။

Epic Games Store မှာ အပတ်တိုင်း ဂိမ်းတွေကို အခမဲ့ ပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က GTA 5 ကို အခမဲ့ ပေးခဲ့ပြီး လူတွေ အရမ်းကို Download လုပ်ခဲ့တဲ့အတွက် ၁၂ နာရီလောက်ကြာအောင် ဝက်ဘ်ဆိုက် Down သွားခဲ့ပါတယ်။

Civilization 6 ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ Mac နဲ့ Windows PC တွေအတွက်  စတင် ဖြန့်ချိပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ iOS ၊ ၂၀၁၈ ခုနှစ်မှာ Nintendo Switch ၊ ၂၀၁၉ ခုနှစ်မှာ PlayStation 4 နဲ့ Xbox One တို့မှာ ကစားလို့ရလာပါတယ်။ ဒီလအစောပိုင်းက Developer Firaxis Games က Civilization 6 အတွက် Season အသစ် ၁ ခုကို ကြေညာခဲ့ပြီး အခြေခံ ဂိမ်းမှာ Civilization ၈ ခု ပါလာပါတယ်။

အဲဒါကို ကစားဖို့အတွက် မိုဘိုင်းကလွဲပြီး ကျန်တဲ့ ပလက်ဖောင်းအားလုံးမှာ ၃၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။ Add-on Pack ၆ ခု ပါလာမယ်လို့ ထင်ပြီး ပထမဆုံး ၁ ခုကို ကြာသာပတေးနေ့မှာ ဖြန့်ချိမှာပါ။ အဲဒါဟာ Maya & Gran Colombia Pack ဖြစ်ပြီး Civilization ၁ ခုချင်းစီက Leaders , Buildings နဲ့ Units တွေ ပါလာမှာပါ။ ဒါ့အပြင် Apocalypse Game Mode ၊ City-states အသစ်၊ Resourses အသစ်နဲ့ Natural Wonders တွေ ထည့်ထားမှာပါ။

Ref : polygon