Google ရဲ့ Pixel 6 တွေကို ဖြန့်ချိဖို့ ရက်သတ္တတစ်ပတ်လောက်ပဲ လိုပါတော့တယ်။ ဒါကြောင့် နောက်ဆုံးလက်ကျန်ပေါက်ကြားစရာတွေလည်း မြစ်ကျဉ်းတစ်ခုလို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်ပေါ်နေကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ Google Pixel တွေနဲ့ပတ်သက်ပြီး အဖြေရှာစရာတစ်ခုကျန်နေပါသေးတယ်။ အဲဒါကတော့ အရောင်ကိစ္စပါပဲ။

ပုံမှန်အားဖြင့် အနက်ရောင်လို့ သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့အရောင်ကို Android ကမ္ဘာမှာတော့ ထူးထူးထွေထွေသတ်မှတ်ပြီး မှည့်ခေါ်လေ့ရှိကြပါတယ်။ Pixel 6 မော်ဒယ်တွေရဲ့ အရောင်တွေနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့ သြဂုတ်လကတည်းက တရားဝင်ထုတ်ပြခဲ့တာကြောင့် သိခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ အရောင်တွေကို သတ်မှတ်ခေါ်ဝေါ်တာကိုတော့ အတိအကျမသိရသေးပါဘူး။

Brandon Lee ကတစ်ဆင့် ပေါက်ကြားလာတဲ့သတင်းအရဆိုရင်တော့ Google ဟာ Pixel 6 နဲ့ Pixel 6 Pro တို့အတွက်အရောင်နာမည်တွေကို မူလ “Really Blue” မော်ဒယ်လိုမျိုး အစဉ်အလာကို ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ သေးငယ်တဲ့ အမျိုးအစားက “Kinda Coral” နဲ့ “Sorta Seafoam” နာမည်တွေဖြစ်ပြီး Pro မော်ဒယ်မှာတော့ “Sorta Sunny” နဲ့ “Cloudy White” တို့ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါ့ပေမဲ့ မော်ဒယ်နှစ်မျိုးစလုံးမှာ “Stormy Black” အရောင်ပါဝင်မယ်လို့ ဆိုပါတယ်။ “Stormy Black” ဟာ ဘယ်လို Case မျိုးမဆို၊ ဒါမှမဟုတ် Skin မျိုးမဆိုနဲ့ လိုက်ဖက်ပြီး ရှင်းရှင်းလင်းလင်းအရောင်မျိုးကြိုက်သူတွေအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။ Google ဟာ သူ့ရဲ့ Premium device တွေကို Neutral tone တွေနဲ့ပဲ ဆက်ပြီးရောင်းချနေမယ်လို့ ယုံကြည်ရပါတယ်။

Ref: Android Police