အသက် ၇၆ နှစ်အရွယ် Columbia Sportswear CEO Tim Boyle က ကမ္ဘာကြီးပြားကြောင်း သက်သေပြနိုင်သူ မည်သူ့ကိုမဆို သူ့ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် ကုမ္ပဏီကို ပေးအပ်မယ်လို့ စိန်ခေါ်လိုက်ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးသွားပါတယ်။
အဲဒီ ကမ်ပိန်းဗီဒီယိုမှာ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ တကယ့် “ကမ္ဘာ့အဆုံးအစွန်း” နေရာကို ဓာတ်ပုံရိုက်ပြဖို့ ဖိတ်ခေါ်ထားပြီး အနိုင်ရသူဟာ ကုမ္ပဏီတစ်ခုလုံးကို ရရှိမယ်လို့ Boyle က နောက်ပြောင် ပြောဆိုထားပါတယ်။

ဓာတ်ပုံဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်နေရာ အစစ်အမှန်ကို ပြသနိုင်ရမယ်လို့ ဗီဒီယိုထဲက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းလင်း ပြောကြားထားပါတယ်။
ဒီလုပ်ရပ်ဟာ ဟာသနဲ့ သရော်မှုတွေကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်း အာရုံစိုက်မှုနဲ့ အွန်လိုင်း ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်လာစေဖို့ Columbia ရဲ့ ဈေးကွက်မြှင့်တင်ရေး ကမ်ပိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
Ref: Fossbytes