Unicode
PC Game တွေကို ဆေ့ာကစားဖူးတဲ့သူတွေဆိုရင် ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ထဲက ထွက်ရှိခဲ့တဲ့ Company of Heroes ဂိမ်းကို မှတ်မိကြဦးမှာပါ။ အဆိုပါ ဂိမ်းဟာ Squad-based Technical ဂိမ်းတစ်ခုဖြစ်ပြီး Real-time Strategy အမျိုးအစား ဂိမ်းအနေနဲ့ ဆော့ကစားရတာ တော်တော်လေးကို သဘောကျဖို့ကောင်းတဲ့ဂိမ်းတစ်ခုလို့ ပြောလို့ရမှာပါ။
အဆိုပါ Company of Heroes ဂိမ်းဟာ ထွက်ရှိပြီးတဲ့အချိန်ကစတင်ပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေအပြင် Best Strategy of the Year လိုမျိုး ဆုတွေလည်း အများအပြားရရှိခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ဒီ Company of Heroes ဂိမ်းကို Apple iPad တွေပေါ်မှာ ဆော့ကစားနိုင်တော့မှာပါ။
လောလောဆယ်မှာ App Store ကနေတစ်ဆင့် Company of Heroes ဂိမ်းကို Pre-order ပြုလုပ်ထားနိုင်ပြီးတော့ စျေးနှုန်းအနေနဲ့ $13.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ အချိန်အားဖြင့်တော့ အကြာကြီး စောင့်ဆိုင်းစရာမလိုအပ်ဘဲ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စတင်ဆော့ကစားနိုင်မှာပါ။
လက်ရှိသိရတဲ့သတင်းတွေအရ အရင်ဆုံး Download ပြုလုပ်ပြီး ဆော့ကစားရမယ့် Version မှာတော့ Expansion တွေပါဝင်မှာမဟုတ်ဘဲ နောက်ပိုင်းမှသာ Maps အသစ်တွေနဲ့ Extra Mission တွေကို ထပ်မံဝယ်ယူစရာမလိုအပ်ဘဲ Download ရယူနိုင်မှာဖြစ်ပါတယ်။ Multiplayer Support အတွက်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
ဘာပဲဖြစ်ဖြစ် iPad အသုံးပြုနေပြီး RTS ဂိမ်းကောင်းကောင်းတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ ဒီ Company of Heroes ဂိမ်းက သင့်အတွက်ဖြစ်မှာပါ။
Ref – Phone Arena
Zawgyi
Ref – Phone Arena