Contec Australia ကုမ္ပဏီက ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံး အထပ်မြင့် 3D Printing ကွန်ကရစ်အိမ်ကို Perth မြို့၊ Tapping မှာ တည်ဆောက်ခဲ့ပါတယ်။
အဲဒီ နှစ်ထပ်အိမ်ရဲ့ နံရံတွေကို ရွှေ့ပြောင်းနိုင်တဲ့ စက်ရုပ်ပရင်တာကို အသုံးပြုပြီး ၁၈ နာရီအတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ခြေကနေ အမိုးမိုးတာ၊ ဝါယာကြိုးသွယ်တာနဲ့ အတွင်းပိုင်းအလှဆင်တာတွေအပါအဝင် အပြီးသတ် ဆောက်လုပ်တဲ့အထိတော့ စီမံကိန်းတစ်ခုလုံးဟာ ငါးလ ကြာမြင့်ခဲ့ပါတယ်။
အဲဒီအိမ်မှာ အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှစ်ခန်း၊ ကားဂိုဒေါင်တစ်ခုနဲ့ ဝရန်တာတစ်ခု ပါဝင်ပါတယ်။ သူ့ရဲ့နံရံတွေမှာ အသုံးပြုထားတဲ့ ကွန်ကရစ်အရောအနှောက အုတ်ထက် သုံးဆ ပိုခိုင်ခံ့တာကြောင့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ မီးဘေးနဲ့ ခြဘေးဒဏ်တွေကို ခံနိုင်ရည်ရှိပြီး စွမ်းအင်ကိုလည်း ချွေတာနိုင်ပါတယ်။
Contec ရဲ့ အဆိုအရ ဒီနည်းလမ်းဟာ သမားရိုးကျ ဆောက်လုပ်ရေးနည်းလမ်းတွေထက် ကုန်ကျစရိတ်ကို ၂၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။ ပစ္စည်းသုံးစွဲမှုနည်းတာ၊ နံရံတွေကို ပိုမြန်မြန်ဆောက်နိုင်တာနဲ့ အလေအလွင့်နည်းတာတွေကြောင့် စက်ရုပ်နဲ့ပုံနှိပ်ခြင်းက အိမ်ရာတွေကို ပိုဈေးသက်သာပြီး ပိုမြန်ဆန်စေကာ ကျွမ်းကျင်လုပ်သားတွေကတော့ အပြီးသတ်ပိုင်းကို တာဝန်ယူရတာ ဖြစ်ပါတယ်။
Ref : Technology Innovation