Epic လို့ ဆိုလိုက်တာနဲ့ Fortnite Game ထုတ်လုပ်သူကို ပြေးမြင်ကြမှာပါ။ အဆိုပါ Epic ကနေပဲ မိတ်ဆက်ထားတဲ့ Epic Game Store ဟာလည်း အချိန်တိုအတွင်းမှာ PC Game တွေအများအပြားရှိလာပြီဖြစ်သလို မကြာခဏလည်း Game အကောင်းတွေကို Free ပေးတတ်ပါတယ်။

အခုလည်း Epic Game Store မှာ လာမယ့် ဇွန်လ ၁၇ ရက်နေ့မတိုင်ခင်အထိ PC အတွက် Sci-Fi Game တစ်ခုဖြစ်တဲ့ Control ကို Free ပေးနေပြီဖြစ်ပါတယ်။ အဆိုပါ Control Game ဟာ စျေးနှုန်းအနေနဲ့ ၂၂.၉၉ ဒေါ်လာရှိတဲ့အတွက် အခုလိုမျိုး Free ပေးလိုက်တာက Gamer တွေအတွက်တော့ ဝမ်းသာစရာပါ။

Control Game ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Remedy Entertainment ကနေ ထုတ်လုပ်ထားတဲ့ Game ဖြစ်ပြီး အဓိကဇတ်လိုက်ဖြစ်တဲ့ Jesse Faden ကနေ သဘာဝလွန်စွမ်းအးတွေနဲ့ လက်နက်တွေကို အသုံးပြုပြီး အတားအဆီး၊ အခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Gameplay ပိုင်းအနေနဲ့ Review တွေကောင်းကောင်းရရှိထားသလို The Game Awards 2019 အတွက် Best Art Direction ဆုကိုလည်း ရရှိထားတဲ့ Game ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Game Of The Year အနေနဲ့ပါ စကာတင်ခန့်မှန်းခံခဲ့ရပါသေးတယ်။ Ray Tracing Support လည်းပြုလုပ်တဲ့အတွက် High-end Graphic Card တွေအတွက်လည်း အားရဖွယ် Game တစ်ခုဖြစ်မှာပါ။

Epic Store မှာ Control PC Game အပြင် Genshin Impact Game ကိုလည်း ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၁၇ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်းမှာလည်း Overcooked 2 Game ကို Free ပေးသွားဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး တရုတ်နိုင်ငံထုတ် Game တွေကို Boycott နေတဲ့အချိန်မှာ Control လိုမျိုး Game ကောင်းကောင်းကို Free ပေးနေတာဆိုတော့ ချက်ချင်းယူထားသင့်ပါတယ်။

Ref – The Verge