Coolpad က 20 Series ရဲ့ စတုတ္ထမြောက် ဖုန်း အဖြစ် Cool 20+ ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ အရင်က Cool 20, Cool 20 Pro နဲ့ Cool 20s တို့ကို ရောင်းချထားပြီး အားလုံးဟာ တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပါတယ်။

Coolpad COOL 20+ Review » YugaTech | Philippines Tech News & Reviews

Cool 20+ မှာ 6.52” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါပါတယ်။ Screen-to-body Ratio က ၈၉.၂ ရာခိုင်နှုန်း ဖြစ်ပြီး တစ်လက်မကို Pixel သိပ်သည်းဆက 259 PPI ဖြစ်ပါတယ်။ အနောက်ဘက်ကို ခြစ်ရာခံနိုင်တဲ့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 4GB /64GB , 4GB/128GB နဲ့ 6GB/128GB Version တွေ ထုတ်လုပ်ထားပါတယ်။ 256GB microSD Card စိုက်နိုင်ပြီး Android 11 အခြေပြု CoolOS 2 မောင်းနှင်ထားပါတယ်။

Coolpad COOL 20+ Review » YugaTech | Philippines Tech News & Reviews

အနောက်ဘက်မှာ 48MP Main , 0.3MP Portrait ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ 4G LTE ဆက်သွယ်မှုကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး Hybrid Dual SIM Support ပါပါတယ်။ 10W Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါပါတယ်။

Coolpad Cool 20+ အတွက် အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။ အရင်က ဖိလစ်ပိုင်မှာ ရောင်းချထားပြီး 6GB/128GB Version ကို ၁၀၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref: gizmochina