COVID-19 ကပ်ရောဂါကြောင့် ဒီနှစ်မှာ စမတ်ဖုန်း ရောင်းအားကျဆင်းနေပေမယ့် 5G ဖုန်းတွေ အများအပြားထွက်ပေါ်နေပါတယ်။ အခုလည်း Coolpad က ဈေးချိုတဲ့ 5G ဖုန်း ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပြီး Coolpad X10 လို့ နာမည်ပေးထားပါတယ်။ ၁၀၀၀ ယွမ်ပဲရှိတဲ့အတွက် မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ပဲ ကျသင့်မှာပါ။

တရုတ်မှာ ၁၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး China Telecom ကနေ ရောင်းချမှာပါ။ Unigroup Zhanrui ရဲ့ Unisoc Tiger Ben T7510 5G Chip ကို အသုံးပြုထားမှာ ဖြစ်ပြီး 12nm Process နဲ့ တည်ဆောက်ထားတာပါ။ Quad-core A75 CPU + Quad-core A55 CPU တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး PowerVR GM9446 Graphics Processor လည်း ပါလာမှာပါ။

2Gbps Download Speed နဲ့ 1Gbps Upload Speed ရှိမှာ ဖြစ်ပြီး Hisense F50 ပြီးနောက် Tiger Ben T7510 SoC ထည့်ထားတဲ့ ဒုတိယမြောက် ဖုန်း ဖြစ်လာမှာပါ။ အဲဒီဖုန်းရဲ့ တခြား Specs တွေကို မိတ်ဆက်ပွဲကျမှ သိရမှာပါ။

Coolpad ဟာ 2G, 3G ကနေ 4G ပြောင်းတဲ့ အချိန်မှာ ယွမ် ၁၀၀၀ ပဲရှိတဲ့ ပထမဆုံး 4G ဖုန်းကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး Dual-SIM Dual-standby 4G ဖုန်းကိုလည်း ရောင်းချခဲ့ပါတယ်။ Coolpad ဟာ စမတ်ဖုန်း လောကကနေ ထွက်ခွာရမလို ဖြစ်ခဲ့ပြီး အခုတော့ အင်အားကောင်းကောင်းနဲ့ ပြန်လည် ဝင်ရောက်လာတာပါ။

Ref : gizmochina