လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ NFTs ဆိုတာကို နည်းပညာ လေ့လာလိုက်စားသူတွေပဲ သိခဲ့ကြတာပါ။ အခုတော့ ဗီဒီယို ဂိမ်းတွေဟာ NFTs နယ်ပယ်ထဲ ဝင်ရောက်လာတဲ့အတွက် အနာဂတ်မှာ NFTs တွေ တွင်ကျယ်လာတော့မှာပါ။

Weekly Roundup: What Happened In Play2Earn Games and NFTs This Week? [Sept.  3, 2021] | Alexandria

NFTs or Non-fungible Token တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်တမ်းတင်ပေးထားပါတယ်။ NFTs တွေကို ဒစ်ဂျစ်တယ် ငွေကြေးတွေနဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ NFTs လို့ဆိုရာမှာ အနုပညာလက်ရာကနေ ဖက်ရှင် ပစ္စည်းတွေအထိ အမျိုးအစား စုံလင်ကြပါတယ်။

Where To Find Gaming NFTs By DailyCoin

အခုတော့ NFTs တွေကို ဗီဒီယို ဂိမ်းတွေမှာ မိတ်ဆက်လာကြပြီ ဖြစ်ပြီး ကစားသူ သန်းပေါင်းများစွာဟာ NFTs တွေကို သိကျွမ်းလာကြတော့မှာပါ။ Ubisoft ရဲ့ Blockchain Intiatives ဌာနမှ အကြီးအကဲ ဖြစ်သူ Nicolas Pouard က NFTs တွေဟာ အနာဂတ်မှာ အရမ်း ရေပန်းစားလာမယ်လို့ သုံးသပ်ပါတယ်။

Ubisoft ဟာ Digits လို့ခေါ်တဲ့ NFTs တွေကို ကစားသူတွေ ဝယ်ယူနိုင်တဲ့ ပလက်ဖောင်း  ဖြစ်တဲ့ Quartz ကို  ဒီလထဲမှာ ကြေညာခဲ့ပြီး လက်နက်တွေ၊ ကားတွေကို NFTs အဖြစ် ဖန်တီးပေးထားပါတယ်။

ဂိမ်း နယ်ပယ်က တခြား နာမည်ကြီးတွေ ဖြစ်တဲ့ Electronics Arts, Take-Two နဲ့ Atari တို့ကလည်း NFTs ကို စိတ်ဝင်စားတယ်လို့ ကြေညာထားပါတယ်။ Football Cards တွေရဲ့ NFTs Version တွေကို အရောင်းအဝယ်ပြုလုပ်တဲ့ ပလက်ဖောင်းကို တည်ထောင်ထားတဲ့ ပြင်သစ် ကုမ္ပဏီ Sorare မှာ ဒီနှစ်ထဲ ဒေါ်လာ သန်း ၆၈၀ ဖိုး ရင်းနှီးမြှပ်နှံထားပါတယ်။

တစ်ကမ္ဘာလုံးမှာ ဂိမ်း ကစားသူ ၃ ဘီလီယမ်ရှိပြီ။

ဗီဒီယို ဂိမ်း နယ်ပယ်ဟာ ရုပ်ရှင် နယ်ပယ်ထက်တောင် တန်ဖိုးပိုကြီးနေပါပြီ။ DFC Intelligence ရဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ ဂိမ်း ကစားသူ ၃ ဘီလီယမ်ကျော် ရှိလာပြီ ဖြစ်ပြီး ကမ္ဘာ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အခုလို ဂိမ်းတွေမှာ NFTs နဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ ထည့်သွင်းပေးလာတဲ့အတွက် အဲဒီ ဈေးကွက်တွေဟာ အရမ်းကို တိုးတက်လာမှာပါ။

ကစားသူတွေကို ဒစ်ဂျစ်တယ်ငွေကြေး ရရှိစေတဲ့ Axie Infinity လို NFTs ဂိမ်းတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လူကြိုက်များနေပြီး အဲဒီ နည်းပညာကနေ ကစားသူတွေဟာ အကျိုးအမြတ် ရရှိစေပါတယ်။ မိုင်ယာမီ အခြေစိုက် အသက် ၄၀ အရွယ် NFTs စုဆောင်းသူ Franklin Ovalles က အဲဒီလို ဂိမ်းတွေဟာ အာရှနဲ့ လက်တင် အမေရိကန် နိုင်ငံတွေအတွက် စီးပွားရေး အကျိုးသက်ရောက်မှုတွေ ရှိစေမယ်လို့ သုံးသပ်ပါတယ်။ ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဂိမ်းကစားလာကြပြီ ဖြစ်တဲ့အတွက် ဂိမ်းတွေကြောင့် NFTs နယ်ပယ်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာ သေချာပါတယ်။

Ref : techxplore