ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း ဥရောပရဲ့ စမတ်ဖုန်း ရောင်းအားဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ Counterpoint Research ရဲ့ ဒေတာတွေက ဖော်ပြထားပါတယ်။ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ကွာတား ၁ ထက် ၁၃ ရာခိုင်နှုန်း ပိုနည်းသွားပြီး အလုံးရေ ၄၀.၃ သန်းပဲ ရောင်းချနိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ကွာတား ၂ ဖြစ်ခဲ့ပါတယ်။

 Counterpoint)

အရင်နှစ် ကွာတား ၂ နဲ့ နှိုင်းယှဉ်ရင် စမတ်ဖုန်း ဈေးကွက်ဟာ ၁၁ ရာခိုင်နှုန်း ပိုနည်းသွားပါတယ်။ စစ်ပွဲ၊ ကျဆင်းနေတဲ့ စီးပွားရေးနဲ့ Covid-19 ကပ်ရောဂါတွေကြောင့် စမတ်ဖုန်း ဈေးကွက်ကို ထိခိုက်ခဲ့တာပါ။

Samsung နဲ့ Apple တို့ရဲ့ ဈေးကွက်ဝေစုဟာ အရင်နှစ် ကွာတား ၂ ကထက် တိုးတက်ခဲ့ပေမယ့် ဒီနှစ် ကွာတား ၁ ထက် နည်းပါးသွားပါတယ်။ Samsung ဟာ ၂၀၂၁ ခုနှစ် ကွာတား ၂ မှာ ဗီယက်နမ်က စက်ရုံတွေ ပိတ်ခဲ့ရတဲ့အတွက် ဆယ်စုနှစ်အတွင်း အားအနည်းဆုံး ကွာတား ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ဒီနှစ် ကွာတား ၂ ရဲ့ ရလဒ်တွေက အထင်ကြီးစရာ မကောင်းပါဘူး။ Samsung ဟာ ရုရှားကနေ ထွက်ခွာခဲ့တဲ့အတွက် ဒီနှစ် ပထမ ၃ လနဲ့ ယှဉ်ရင် ဖုန်း ရောင်းအားကျဆင်းသွားခဲ့ပါတယ်။

 Counterpoint)

Counterpoint ရဲ့ စစ်တမ်းအရ Apple ဟာ နာမည်ကြီး iPhone SE 2022 ကြောင့် ရောင်းအားတက်ခဲ့ပေမယ့် ရုရှားကနေ ထွက်ခွာခဲ့တဲ့အတွက် အရင်ကလောက် ရောင်းအား မကောင်းခဲ့ပါဘူး။

Xiaomi ကတော့ Samsung နဲ့ ပြောင်းပြန် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ကွာတား ၂ ဟာ ဥရောပဈေးကွက်မှာ အကောင်းဆုံး ကွာတား ဖြစ်ပြီး ၂၀၂၂ ခုနှစ် ကွာတား ၂ က သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကုမ္ပဏီဟာ Samsung နဲ့ Apple တို့ ရုရှားကနေ ထွက်ခွာခဲ့တာကနေ အကျိုးအမြတ်ထွက်ခဲ့ပြီး ရောင်းအား တိုးတက်ခဲ့ပါတယ်။

ကွာတား ၂ ရဲ့ ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခု စာရင်းထဲမှာ OPPO နဲ့ realme တို့လည်း ပါလာပါတယ်။

Ref : gsmarena