Counterpoint Research က ၂၀၂၃ ခုနှစ်ရဲ့ ပရီမီယံ စမတ်ဖုန်းဈေးကွက်ရဲ့ ရောင်းအားကို ကြေညာလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် ကွာတား ၄ ရဲ့ ဒေတာအရ ဒေါ်လာ ၆၀၀ ထက်ပိုများတဲ့ စမတ်ဖုန်း ရောင်းအားဟာ အရင်နှစ်ကထက် ၆ ရာခိုင်နှုန်း ပိုများလာပါတယ်။ စမတ်ဖုန်း အားလုံးရဲ့ ၂၄ ရာခိုင်နှုန်းဟာ ပရီမီယံ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

Counterpoint: Premium smartphone market grew in 2023, Apple remains at the top

အကြီးတန်း လေ့လာဆန်းစစ်သူ Varun Mishra က သုံးစွဲသူတွေဟာ ပိုမိုကြာရှည်စွာ အသုံးပြုနိုင်တဲ့ အရည်အသွေးမြင့် ဖုန်းတွေကို ပိုမို နှစ်သက်လာကြတယ်လို့ ပြောပါတယ်။

Apple ဟာ ပရီမီယံ ဖုန်းဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ဖြစ်နေပြီး နံပါတ် ၂ နေရာက Samsung ထက် ရောင်းအား ၄ ဆ ပိုများပါတယ်။ Samsung ရဲ့ Galaxy S23 Series နဲ့ Foldable ဖုန်းတွေက ပရီမီယံ ဖုန်းဈေးကွက်မှာ ရောင်းအားကောင်းပါတယ်။ Huawei ကလည်း တရုတ်မှာ Mate 60 Series ကြောင့် ရောင်းအားကောင်းပါတယ်။

Counterpoint: Premium smartphone market grew in 2023, Apple remains at the top

တရုတ် ၊ အနောက် ဥရောပ၊ အိန္ဒိယက ရောင်းအားကြောင့် ပရီမီယံ ဈေးကွက်ဟာ ကြီးထွားလာတာပါ။ Counterpoint Research က တရုတ်၊ အိန္ဒိယနဲ့ လက်တင်အမေရိကဟာ ပရီမီယံ ဈေးကွက်မှာ စံချိန်တင်လာနိုင်ပြီး အိန္ဒိယဟာ အလျှင်မြန်ဆုံး ကြီးထွားလာတဲ့ ဈေးကွက် ဖြစ်ပါတယ်။

ဒေါ်လာ ၁,၀၀၀ ထက် ပိုများတဲ့ ပရီမီယံ ဖုန်းတွေကြောင့် အခုလို ကြီးထွားလာတာ ဖြစ်ပါတယ်။ အဲဒီ Trend ဟာ ဆက်လက် အားကောင်းနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : gsmarena