ဂျပန် ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁ ခုက နွားရဲ့ မစင်ကနေ ဒုံးပျံလောင်စာဆီ အဖြစ် သုံးနိုင်တဲ့ Liquid Biomethane ကို ထုတ်လုပ်နေပါတယ်။

Air Water Inc က အာကာသ နည်းပညာ ကုမ္ပဏီ Interstellar Technologies Inc က ဖန်တီးထားတဲ့ ဒုံးပျံမှာ အဲဒီလောင်စာဆီ ထည့်သွင်းကာ စမ်းသပ်မှုကို ဆောင်းရာသီမှာ ပြုလုပ်မယ်လို့ ပြောပါတယ်။

Air Water ဟာ ၂၀၂၁ ခုနှစ်ကတည်းက ဟော်ကိုင်းဒိုးမှာ Liquid Biomethane ကို စတင် ထုတ်လုပ်နေတာပါ။ ကုမ္ပဏီက နွားရဲ့ မစင်နဲ့ ကျင်ငယ်ရေကို တိုင်ကီက စက်ရုံကို ပို့ဆောင်ကာ ဓါတ်ပြုစေပါတယ်။ အဲဒီနောက်မှာ အိုဘီဟီရိုက စက်ရုံကို ပို့ဆောင်ပါတယ်။ ပြီးတော့ Methane ကို ခွဲထုတ်လိုက်ပြီး Liquid Biomethane အဖြစ် ပြုလုပ်တာ ဖြစ်ပါတယ်။

Japan's first private rocket launches successfully

ဒုံးပျံတွေဟာ အာကာသကို သွားဖို့ လုံလောက်တဲ့ Liquid လောင်စာဆီလိုအပ်ပါတယ်။ အရည်အသွေးမြင့်  Methane ကို Liquid သဘာဝ ဂတ်စ်ကို အသုံးပြုကာ ထုတ်လုပ်ကြပါတယ်။ Air Water ကတော့ စွန့်ပစ် အညစ်အကြေးတွေကနေ အလားတူ အရည်အသွေးရှိတဲ့ Methane ကို ထုတ်လုပ်နေတာပါ။

Interstellar Technologies က နွားရဲ့ အညစ်အကြေးတွေကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီကို ဒုံးပျံမှာ ထည့်သွင်း စမ်းသပ်မှာ ဖြစ်ပါတယ်။

Ref : khaosod