Cristiano Ronaldo ဟာ YouTube Channel ဖွင့်လှစ်လိုက်ပြီး နာရီပိုင်းအတွင်းမှာ Subscriber သန်းနဲ့ချီရသွားပါတယ်။ ၉၀ မိနစ်အတွင်းမှာ Subscriber သန်းကျော်ရသွားပြီး တခြား Channel အားလုံးထက် Subscriber အမြန်ဆုံး ရသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ YouTube မှာ Subscriber ၈ သန်းကျော်ရနေပါတယ်။

Cristiano Ronaldo scores last-minute winner on record-breaking 200th appearance for Portugal | CNN

သူဟာ လူမှုကွန်ရက် ပလက်ဖောင်းများစွာမှာ Follower ၉၁၇ သန်း ရထားပြီး လူမှုကွန်ရက်မှာ Follower အများဆုံးရထားသူ ဖြစ်ပါတယ်။ ဘောလုံး အားကစား လောကမှာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

သူဟာ အသက် ၃၉ နှစ် ရှိပြီ ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားရဲ့ Al Nassr ကလပ်နဲ့ ပေါ်တူဂီ ဘောလုံးအသင်းရဲ့ Captain ဖြစ်ပါတယ်။

Cristiano Ronaldo - Player profile 24/25 | Transfermarkt

Ronaldo က “ YouTube မှာ Channel ထောင်တဲ့အတွက် အလွန် ပျော်ရွှင်ရပါတယ်။ ကျွန်တော် အဲဒီလို လုပ်ချင်ခဲ့တာ ကြာပါပြီ။ အခုတော့ တကယ် ဖြစ်လာပါပြီ။ ကျွန်တော့် Fans တွေနဲ့ လူမှုကွန်ရက်မှာ ထိတွေ့ဆက်ဆံရတာ ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော့် YouTube Channel မှာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစု အကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : variety  , talksport