ခရိုအေးရှား Web3 Startup Revuto က Netflix နဲ့ Spotify အတွက် NFT ကို အသုံးပြုတဲ့ Subscription မော်ဒယ် ၁ ခုကို ကြေညာလိုက်ပါတယ်။

Revuto က NFT တွေနဲ့ Netflix , Spotify အတွက် ဒစ်ဂျစ်တယ် Subscription ကို ရောင်းချမယ်လို့ ပြောပါတယ်။ စုစုပေါင်း User ၁၀,၀၀၀ ဟာ အဲဒီ တစ်မူထူးခြားတဲ့ Subscription မော်ဒယ်ကို ဝယ်ယူနိုင်မှာပါ။ Revuto ရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး အကြီးအကဲ Dino Ivankovic က Subscription အခြေပြု NFT တွေဟာ သူတို့ ကိုယ်ပိုင် Ecosystem ဖြစ်လာမယ်လို့ ရှင်းပြပါတယ်။

Produtor de Scorsese vai financiar filmes com arrecadação de NFTs - TecMundo

သူက “ End-user တွေအတွက် ပိုမို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ NFT နည်းပညာဟာ User တွေ သူတို့ အသုံးမပြုတဲ့ Subscription တွေကို တခြား လူတွေကို ရောင်းချနိုင်မှာဖြစ်သလို အနာဂတ်မှာ ငှားရမ်း နိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီ Subscription NFT တွေကို Crypto Exchange တွေနဲ့ Secondary ဈေးကွက်တွေမှာ အရောင်းအဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ NFT တွေကို လက်လွှဲရောင်းချလိုက်တာနဲ့ User အဟောင်းရဲ့ ဒစ်ဂျစ်တယ် Debit ကဒ်ကို ဖျက်သိမ်းလိုက်မှာ ဖြစ်ပြီး User အသစ်အတွက် Debit ကဒ် အသစ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

Revuto ဟာ NFT တွေနဲ့ Subscription အခြေပြု ဝန်ဆောင်မှု အသစ်တွေကို မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။

Ref : cointelegraph