Reuters (ဝါရှင်တန်) ကလာတဲ့သတင်းအရ Coinbase Global Inc အပါအဝင် အဓိက Cryptocurrency firms ကြီး ရှစ်ခုရဲ့ CEO တွေဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ U.S. House Financial Service Committee ရှေ့မှောက်မှာ သက်သေခံကြမယ်လို့ သိရပါတယ်။

ဒီကြားနားမှုဟာ လျှင်မြန်စွာကြီးထွားလာတဲ့ Crypto ဈေးကွက်တွေမှာ အဓိကကစားသမားတွေအနေနဲ့ ဥပဒေပြုအမတ်တွေရှေ့မှာ သက်သေထွက်ဆိုကြခြင်းဖြစ်ပါတယ်။ မူဝါဒချမှတ်သူတွေဟာ ဘဏ္ဍာရေးထုတ်ကုန်သစ်ရဲ့ ဂယက်ရိုက်ခတ်မှုတွေနဲ့ ၎င်းကို အကောင်းဆုံးထိန်းညှိနိုင်ဖို့အတွက် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

အချို့သောတိုးတက်မှုတွေဟာ Cryptocurrency အပေါ် သံသယဖြစ်စရာအကြောင်းအရာတွေ ထွက်ပေါ်လာစေတာကြောင့် ဆီးနိတ်တာ Elizabeth Warren ဟာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် မငြိမ်မသက်ဖြစ်စေတဲ့ကဏ္ဍတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖြိုခွဲဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

Coinbase Global ရဲ့ CFO ဖြစ်တဲ့ Alesia Hass ကလည်း ကော်မတီရဲ့ကြေညာချက်အရ “ဘဏ္ဍာရေ:ဆိုင်ရာ ဆန်းသစ်တီထွင်မှုရဲ့ စိန်ခေါ်မှုတွေနဲ့ အကျိုးကျေးဇူးတွေ” ကို အဓိကထားပြုလုပ်မဲ့ ကြားနားပွဲမှာ သက်သေအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။

Circle ရဲ့ CEO ဖြစ်တဲ့ Jeremy Allaire, FTX Trading ရဲ့ CEO ဖြစ်တဲ့ Sam Bankman-Fried, Paxos ရဲ့ CEO Chad Cascarilla နဲ့ Stellar Development Foundation ရဲ့ CEO Dennelle Dixon တို့ကလည်း ကြားနာပွဲမှာ သက်သေတွေအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။

Trump အုပ်ချုပ်မှုအောက်မှာ ထိပ်တန်းဘဏ်လုပ်ငန်းကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Bitfury ရဲ့ လက်ရှိ CEO Brian Brooks ကလည်း သက်သေခံမှုမှာ ပါဝင်နေပါတယ်။ Brooks ဟာ ဘဏ်တွေကို Cryptocurrency နဲ့ ထိတွေ့ရလွယ်ကူစေဖို့ရည်ရွယ်တဲ့ မူဝါဒတွေကို ရှေ့ရောက်အောင်တွန်းအားပေးခဲ့သူ ဖြစ်ပါတယ်။

Ref: Yahoo Finance