အမေရိကန် အာဏာပိုင်တွေက Cryptocurrency တွေကို အကြီးအကျယ် လိမ်လည်တဲ့ အဖွဲ့အစည်းကို ဖမ်းဆီးထားပြီး လူ ၁၁ ယောက်ကို ကမ္ဘာအဝန်းက ရင်းနှီးမြှပ်နှံသူတွေထံကနေ ဒေါ်လာ သန်း ၃၀၀ ကျော် လိမ်လည်တဲ့အတွက် အရေးယူနေပါတယ်။

The SEC has charged 11 people in the scheme.

US Securities and Exchange Commission (SEC) က လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖွင့်လှစ်ခဲ့တဲ့ Forsage လို့ ခေါ်တဲ့ Ponzi Scheme နဲ့ ပတ်သက်နေတဲ့အတွက် အဲဒီလူတွေကို အရေးယူလိုက်တယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ အေဂျင်စီက Pyramid Scheme ကို တည်ထောင်သူတွေနဲ့ အရောင်းမြှင့်တင်တဲ့ လူတွေကို အရေးယူထားပါတယ်။

Cryptocurrency and Terrorist Financing in Asia – The Diplomat

Pyramid Scheme or Ponzi Scheme ဆိုတာကို မြန်မာမှာ Multi-level Marketing လို့ လူသိများကြပြီး အဖွဲ့ဝင် အသစ်တွေကို များများ စုဆောင်းနိုင်သူက အကျိုးအမြတ်တွေရကြပါတယ်။ အဖွဲ့ဝင် အသစ်တွေဆီက အဖွဲ့ဝင်ကြေးအတွက် ငွေကြေးတွေရယူကြပြီး စီနီယာ အဖွဲ့ဝင်တွေက အဲဒီကနေ ငွေကြေး အကျိုးအမြတ်တွေရကြတာပါ။

Forsage ရဲ့ ဝက်ဘ်ဆိုက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စတင် တည်ထောင်ခဲ့ပြီး ရင်းနှီးမြှပ်နှံသူများစွာဆီက ငွေကြေးတွေကို Cryptocurrency အနေနဲ့ လိမ်လည်ရယူခဲ့တယ်လို့ SEC က ပြောပါတယ်။ Forsage တည်ထောင်သူ ၄ ယောက်ဟာ ရုရှား၊ ဂျော်ဂျီယာနဲ့ အင်ဒိုနီးရှားမှာ နေထိုင်ကြတယ်လို့ SEC က ပြောပါတယ်။

Ref : theguardian