Crypto အရောင်းအဝယ် ပြုလုပ်တဲ့ Crypto.com က ပထမဆုံး UFC NFTs or Non-fungible Token တွေကို ရောင်းချပေးလိုက်ပါတယ်။ UFC ရဲ့ NFTs Series မှာ ပွဲ ပိုစတာ၊ ချန်ပီယံ ခါးပတ်၊ ကစားသမားနဲ့ Avatar တို့လို ဒစ်ဂျစ်တယ် Collectible တွေ ပါဝင်ပါတယ်။

What are UFC NFTs, and where to buy them?

“UFC 268 Packs” လို့ နာမည်ပေးထားတဲ့ NFTs Collection တွေကို ကြာသာပတေးနေ့က ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ယှဉ်ပြိုင်ထိုးသတ်မယ့် “UFC 268: Usman vs. Covington 2” ပွဲရဲ့ ပိုစတာနဲ့ ခါးပတ် ဒီဇိုင်းတွေလည်း NFTs Collection ထဲမှာ ပါဝင်ပါတယ်။ Crypto.com က UFC NFTs  တွေကို ရှိသလောက် အကုန် ရောင်းချပေးမယ်လို့ သိရပါတယ်။

ကမ္ဘာ့ အကြီးဆုံး သိုင်းပေါင်းစုံ ဖျော်ဖြေရေး အဖွဲ့အစည်း UFC ဟာ Crypto.com နဲ့ ဒေါ်လာ ၁၇၅ သန်းတန် သဘောတူညီမှု စာချုပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက လက်မှတ်ရေးထိုးခဲ့ပါတယ်။ New York City မှ Madison Square Garden က မီဒီယာ တွေ့ဆုံပွဲမှာ UFC ဥက္ကဌ Dana White က အဲဒီ သဘောတူညီမှု စာချုပ်ကို ကြေညာခဲ့တာ ဖြစ်ပြီး သူက UFC ရဲ့ အကြီးမားဆုံး Sponsorship လို့ ပြောပါတယ်။

UFC နဲ့ Crypto.com ပူးပေါင်းမှုဟာ အားကစားနယ်ပယ်နဲ့ Crypto တို့ ပေါင်းစည်းမှု နောက်ခြေလှမ်း တစ်ဆင့် ဖြစ်ပါတယ်။ Crypto.com ဟာ ကမ္ဘာအဝန်းမှာ Fan ၆၂၅ သန်းကျော်ရှိတဲ့ UFC ကို စိတ်ဝင်စားနေပါတယ်။ Crypto.com ပူးတွဲတည်ထောင်သူနဲ့ စီအီးအို Kris Marszalek က “ UFC ဟာ ကမ္ဘာအဝန်းမှာ Fan များစွာရှိတဲ့ အားကစား Brand ဖြစ်ပြီး Fan တွေနဲ့ Engagement ပိုကောင်းစေဖို့ ကျွန်တော်တို့ နည်းပညာကို ပံ့ပိုးပေးရမှာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ “ လို့ ပြောပါတယ်။

Ref : cointelegraph