Google ဝန်ဆောင်မှုတွေကို Dark Mode ရရှိစေဖို့အတွက် Google ရဲ့လုပ်ဆောင်ချက်ဟာ အခု Google App ကိုယ်တိုင်နဲ့ Assistant တို့အတွက်ပါ ထွက်လာတဲ့အခါမှာတော့ ပြီးပြည့်စုံသလောက် ဖြစ်သွားပါပြီ။

Android နဲ့ iOS နှစ်မျိုးလုံး အတွက် Google App နဲ့ Assistant တို့မှာ Dark Mode ပြောင်းလဲအသုံးပြုနိုင်တော့မှာပါ။ သူ့ရဲ့ ဆာဗာဘက်က ပြောင်းလဲတာလို့ ထင်ရပြီး App Store တွေကနေ Update တင်စရာတောင် မလိုဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သင့်ရဲ့ဖုန်း System Theme ကို Dark ပြောင်းထားခဲ့ရင် အလိုအလျှောက်ပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ အမြင်ပိုင်းမှာ Dark Theme ဟာ အဖြူရောင် UI Element တွေကို အနက်ရောင်နဲ့ မှောင်မှိုင်းတဲ့ အညိုရောင်တို့ကို ပြောင်းလဲပေးပါတယ်။

Google App Setting ထဲကနေလည်း Light နဲ့ Dark Mode ကို ဝင်ရောက်ပြောင်းလဲနိုင်ပါတယ်။ အခု အပြောင်းအလဲဟာ ယနေ့မှာထွက်ရှိလာပြီး မကြာခင်မှာ ပိုများပြားတဲ့ သုံးစွဲသူတွေအတွက် ရရှိလာတော့မှာပါ။ Android 9 ပေါ်မှာလည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။

Ref – GSMArena