အမေရိကန် စစ်တပ်ရဲ့ လက်အောက်က Defense Advanced Research Projects Agency (DARPA) ဟာ UH-60A Black Hawk ကို ပိုင်းလော့နဲ့ တခြား လူတွေမပါဘဲ မိနစ် ၃၀ ကြာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ Aircrew Labor In-Cockpit Automation System (ALIAS) လို့ အမည်ပေးထားတဲ့ နည်းပညာနဲ့ မောင်းနှင်ပျံသန်းတာ ဖြစ်ပါတယ်။

DARPA ဟာ မောင်းသူမဲ့ လေယာဉ် သို့မဟုတ် ဟယ်လီကော်ပတာ နည်းပညာကို သုတေသန ပြုလုပ်နေတာ ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက ဖြစ်ပြီး ဆယ်စုနှစ် ၂ ခုအကြာမှာ တော်တော်တိုးတက်လာပါပြီ။ အခု ဟယ်လီကော်ပတာကို အသစ် တည်ဆောက်ထားတာ မဟုတ်ဘဲ BlackHawk မှာ မောင်းသူမဲ့ ALIAS နည်းပညာ ထည့်သွင်းပေးလိုက်တာပါ။

DARPA က ပိုင်းလော့တွေ မြင်ကွင်း မရှင်းလင်းတဲ့ အခြေအနေတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်တဲ့ အခြေအနေတွေမှာ ထောက်ကူဖို့အတွက် ဒီနည်းပညာကို ရည်ရွယ်ဖန်တီးထားတာလို့ ပြောပါတယ်။ DARPA ရဲ့ Tactical Technology Office မှ စီမံကိန်း မန်နေဂျာ Stuart Young က “ ပိုင်းလော့တွေဟာ ဒီနည်းပညာကြောင့်  ပျံသန်းမှုအပိုင်းမှာ အာရုံစိုက်စရာ မလိုဘဲ စစ်ဆင်ရေး အပိုင်းကိုပဲ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ အလိုအလျှောက် မောင်းနှင်တဲ့ Software နဲ့ Hardware ပေါင်းစပ်မှုက စမတ်ကျပြီး ဘေးကင်း လုံခြုံပါတယ်။ “ လို့ ပြောပါတယ်။

ALIAS စနစ်ဟာ မြေပြင်ကနေ ထွက်ခွာတာနဲ့ ဆင်းသက်တာ၊ ဝေဟင်မှာ ပျံသန်းတာတွေကို အလိုအလျှောက် ပြုလုပ်နိုင်ပေမယ့် လက်နက်နဲ့ ပစ်ခတ်တာကို မပြုလုပ်နိုင်ပါဘူး။

Ref : interestingengineering