Dell လို့ ဆိုလိုက်တာနဲ့ Laptop Brand တွေထဲမှာ အရည်အသွေးကောင်းမွန်တဲ့ နေ့စဉ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး Inspiron Laptop Series တွေ၊ Vostro Laptop Series တွေနဲ့ XPS Series လိုမျိုး Premium Laptop တွေကို ထုတ်လုပ်နေတဲ့ နာမည်ကြီး Brand ဖြစ်တယ်ဆိုတာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အဲ့ဒီလိုမျိုးပဲ Dell ဟာ Gaming ပိုင်းမှာလည်း အောင်မြင်တဲ့ အဆင့်တစ်ခုမှာရှိပြီးဖြစ်ပါတယ်။

Dell G Series Gaming Laptops တွေကတော့ Design ပိုင်းအရတင် ဆန်းနေတာမဟုတ်ဘဲ Performance ပိုင်းမှာလည်း တကယ်ကို အကြမ်းစားဖြစ်နေတာပါ။ အခုအချိန်မှာတော့ Dell ကနေ Alienware ရဲ့ နည်းပညာနဲ့ Gaming laptop တွေကို စျေးအသင့်အတင့်နဲ့ ထုတ်ပေးလိုက်ပါပြီ။

Dell G Series ရဲ့ Dell G5 15 Gaming Laptop ရဲ့ Design ပိုင်းကို ကြည့်မယ်ဆိုရင် Laptop ရဲ့ Display Lid ကို Gradient Design နဲ့ လှပနေအောင်ပြုလုပ်ထားပြီးတော့ အောက်ခြေကိုလည်း G5 Branding Logo ကို ထည့်သွင်းပေးထားပါတယ်။

User တွေအနေနဲ့ Gaming၊ Streaming နဲ့ Video တွေလုပ်တဲ့အခါမှာ Dell G5 ရဲ့ 10th Gen Intel® Core™ i7 processor ကြောင့် အနှောင့်အယှက်မရှိပဲ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ပြီး Graphic Card အနေနဲ့ကလည်း NVIDIA® GeForce® GTX 1660Ti သို့မဟုတ် RTX 2070 Max-Q အထိ ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ Game တွေကို အများအပြားထည့်သွင်းထားနိုင်ပြီး Boot-up Time ကို အလွန်မြန်ဆန်စေဖို့အတွက် M.2 NVMe PCI-E SSD ပါ ထည့်သွင်းထားနိုင်တဲ့ Dual Drive Option ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း Gaming Laptop အနေနဲ့ အကောင်းဆုံးဖြစ်နေဦးမှာပါ။

နောက်ထပ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုက Dell G5 နဲ့ အချိန်အကြာကြီး Game ဆော့ကစားနေမယ်ဆိုရင်တောင် Laptop ရဲ့ Dual Fan Cooling System နဲ့ Advanced Thermal Design ကြောင့် Lag သွားခြင်း၊ Hang သွားခြင်းမရှိတော့ပဲ Heat အပိုင်းမှာလည်း စိတ်မပူရတော့မယ့်အပြင် System ကို Cool နဲ့ Responsive ဖြစ်နေအောင် လုပ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။

Dell G5 15 Gaming Laptop ရဲ့ Display ပိုင်းမှာလည်း 15.6” Full HD Display ကို အသုံးပြုထားပြီး အမြင့်ဆုံး 120Hz Refresh Rate အထိ ရရှိစေမှာဖြစ်တာကြောင့် Competitive Game တွေဆော့ကစားတဲ့အချိန်မှာလည်း Smooth ဖြစ်ပြီး တခြားသော Player တွေထက် အားသာနေစေဦးမှာပါ။ Game ဆော့ကစားတဲ့အချိန်မှာ Display Viewing Experience ကိုလည်း Immersive ဖြစ်နေစေဖို့အတွက် ဘေးဘက်ဘောင် ၂ ဖက်ကို ပါးလွှာအောင်လည်း ပြုလုပ်ထားပေးပါတယ်။

Dell G5 15 Gaming Laptop ဟာ Gaming ပိုင်းအတွက် Laptop ဝယ်ဖို့စဥ်စားနေရင် ဘာကြောင့် ဦးစားပေးရွေးချယ်သင့်သလဲဆိုရင် အစောပိုင်းကပြောသလို Design တင်မဟုတ်ဘဲ Feature ပိုင်းတွေပါ အပြည့်အစုံပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် Alienware Desktop နဲ့ Laptop တွေမှာပဲ ပါဝင်တဲ့ Alienware Command Center လိုမျိုး Software ကို Dell G5 15 Gaming Laptop မှာ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Alienware Command Center ကို အသုံးပြုပြီး Dell G5 15 Gaming Laptop ရဲ့ Performance Mode တွေကို ရွေးချယ်နိုင်သလို 12-Zone Chassis Lighting ၊ Optional 4-Zone RGB Backlit Keyboard တွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Audio Quality ပိုင်းမှာလည်း Gaming ပိုင်းတင်မဟုတ်သေးဘဲ Media Streaming ပိုင်းအတွက်ပါ အကောင်းဆုံးဖြစ်နေစေဖို့အတွက် Nahimic 3D Audio for Gamers Dual Speaker Setup ကို အသုံးပြုပေးထားပါသေးတယ်။ Seamless Streaming ပြုလုပ်နိုင်ဖို့အတွက် SmartByte နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။

နောက်ထပ် Dell G5 15 Gaming Laptop ဟာ Online Competitive Game တွေကို ဆော့ကစားတဲ့အချိန်မှာ Network Lag ဖြစ်ခြင်းကို ကင်းဝေးစေဖို့အတွက်လည်း Killer Gigabit Ethernet Port ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 51Whr သို့မဟုတ် 68Whr Battery တွေကို ထည့်သွင်းပေးထားပြီး Quick Charge Support ပြုလုပ်မှာဖြစ်တာကြောင့် အချိန်တိုအတွင်း အလျင်အမြန်အားသွင်းပေးနိုင်မှာပါ။

Dell G5 15 Gaming Laptop ဟာ Performance နဲ့ Feature ပိုင်းမှာ အကောင်းဆုံးဖြစ်နေသလို အထူအနေနဲ့ကလည်း 21.6mm ပဲရှိတာကြောင့် သာမန် Laptop တစ်လုံးနီးပါး ပါးလွှာနေမှာဖြစ်ပါတယ်။ တခြားသော Port တွေအနေနဲ့လည်း Standard SD Card Reader ၊ Headphone Jack ၊ USB-A ၃ ပေါက် ၊ USB-C Thunderbolt ၊ HDMI ၊ Mini DisplayPort တွေကိုပါ ထည့်သွင်းထားပါတယ်။ အဲ့ဒီအတွက် Gamer တွေတင်မဟုတ်ဘဲ Content Creator တွေ၊ fast and smooth ဖြစ်ပြီး Performance ကောင်းကောင်း Laptop တစ်လုံးကို လိုအပ်တဲ့ Professional တွေအတွက်ပါ အဆင်ပြေစေဦးမှာပါ။

ဒါ့ကြောင့် ဒီလိုမျိုး Dell G5 15 Gaming Laptop ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် ယခု Website Link (https://bit.ly/3bXiooY) မှာရှိတဲ့ Dell Authorized Reseller ဆိုင်ကြီးတွေထဲက နီးစပ်ရာဆိုင်မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Dell ကနေ G-Series တွေအတွက် 2-year warranty တောင်ပေးထားတာဆိုတော့ မဝယ်ယူခင်မှာ Laptop ပေါ်မှာရှိတဲ့ Dell Hologram Sticker ကို စစ်ကြည့်ဖို့ လိုမယ်နော်။ ဒါမှပဲ Warranty ကို ခံစားခွင့်အပြည့်ရမှာ ဖြစ်ပါတယ်။

Dell G5 15 5500 Gaming Laptop အကြောင်း ပိုမို သိရှိနိုင်ရန် – https://dell.to/3Eeon5B

Dell Authorized Resellers ဆိုင်များကို ဆက်သွယ်သိရှိနိုင်ရန် – https://bit.ly/3bXiooY