တကယ် Professional ဆန်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေရပြီဆိုရင် ကျိန်းသေတာက Laptop တစ်လုံးထက် ပိုတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ Desktop PC တစ်ခုကို လိုအပ်လာပါတယ်။ Desktop PC Setup တွေဟာ Laptop တွေထက် စွမ်းဆောင်ရည်ပိုင်းတင် ပိုသာလွန်တာမျိုးမဟုတ်ဘဲ ရေရှည်အသုံးပြုမယ်ဆိုရင်လည်း ပိုပြီးကြာရှည်ခံတာတွေက အဓိကအားသာချက်တွေဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်း စွမ်းဆောင်ရည်ကို ပိုပြီးမြှင့်တင်ပေးနိုင်ဖို့အတွက် အကောင်းဆုံး PC Setup တစ်ခုရှိနေပါတယ်။ ဒါကတော့ Dell ကနေ ထုတ်လုပ်ထားတဲ့ Vostro 3910 Desktop PC ပဲဖြစ်ပါတယ်။ Dell Vostro Series ဟာဆိုရင် လုပ်ငန်းခွင်မှာ အကောင်းဆုံးသောစွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်ဖို့အတွက်ရည်ရွယ်ထားတဲ့ Series ဖြစ်ပြီး အရွယ်အစားနဲ့ ဒီဇိုင်းပိုင်းမှာလည်း တခြားသော Desktop တွေထက် ရိုးရှင်းပြီး Compact ဖြစ်တာကြောင့် ကိုယ့်အလုပ်ခွင်နေရာမှာ နေရာယူမှုနည်းပါးပြီး လိုက်ဖက်နေစေမှာဖြစ်ပါတယ်။

Desktop PC တစ်လုံးမှာ အရေးအပါဆုံးဖြစ်တဲ့ စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် Dell Vostro 3910 Desktop PC ဟာ Intel ရဲ့ 12th Gen Processor တွေကို အသုံးပြုထားပြီး RAM ကိုလည်း 64GB အထိ မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်ငန်းဆောင်တာတွေကိုမဆို အသာလေးမြန်ဆန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 64GB RAM ဟာလည်း Multitasking ပိုင်းလိုအပ်တဲ့သူတွေအတွက် လုံလောက်တာထက် ပိုတဲ့ပမာဏတစ်ခုဖြစ်တာကြောင့် Heavy User တွေအတွက်လည်း စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။

ဒါ့အပြင် Dell Vostro 3910 Desktop ရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ CPU Processor နဲ့ RAM တင်မဟုတ်ဘဲ Graphic ပိုင်းမှာပါ အားကောင်းနေတာဖြစ်ပါတယ်။ NVIDIA® ရဲ့ GeForce® GTX 1660 SUPER Graphic Card ကိုထည့်သွင်းပေးထားပြီး 6GB GDDR6 Graphic Memory ပါဝင်တာကြောင့် Professional Video Editing ပိုင်းတွေ၊ Photo Editing ၊ Engineering Software တွေ စတဲ့ Graphic Card ပါဝင်ဖို့လိုအပ်တဲ့ Application တွေကို စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ ဒီလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ Graphic Card ဟာ HDMI 1.4b အပြင် DisplayPort တွေပါ ပါဝင်တာကြောင့် Multi-Monitor Setup အသုံးပြုချင်တဲ့သူတွေ၊ တခြားသော Projector လိုမျိုး External Display တွေကို ချိတ်ဆက်ချင်တဲ့သူတွေအတွက် ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်။

Dell Vostro 3910 Desktop PC ဟာ File Size ကြီးမားတဲ့ Project တွေကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိနေတာကတော့ သေချာပါတယ်။ ဒါတင်မဟုတ်သေးဘဲ Dell Vostro 3910 Desktop PC မှာ အဆိုပါ Project တွေကို သိမ်းဆည်းထားဖို့ လုံလောက်တဲ့ Data Storage လည်းပါဝင်ဦးမှာပါ။ 2TB SATA 7200 RPM Hard Drive ဟာ အလုပ်အတွက်လိုအပ်တဲ့ Project File တွေအပြင် Personal Data တွေ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေကိုပါ စိတ်ကြိုက်သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Data တွေအများအပြားကို သိမ်းဆည်းထားနိုင်တဲ့ 2TB Hard Drive ပါဝင်သလို တစ်ဖက်မှာလည်း အဆိုပါ Data တွေကို လုံခြုံအောင် သိမ်းဆည်းထားနိုင်ဖို့က အရေးကြီးပါတယ်။ Dell Vostro 3910 မှာ Trusted Platform Module 2.0 ကို ထည့်သွင်းပေးထားတဲ့အတွက် အရေးကြီး Data တွေကို လုံခြုံစေမှာသေချာပါတယ်။ External Software တွေကနေ တိုက်ခိုက်ခံရမှုကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်မှာဖြစ်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။

ဘက်စုံအားသာချက်တွေအပြည့်နဲ့ Dell Vostro 3910 Desktop PC ဟာ သင့်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ကတော့ သေချာနေပါပြီ။ ဒါပေမယ့် အခုလိုမျိုး Desktop PC တစ်လုံးမှာ မပါမဖြစ် Monitor ကလည်း အရည်အသွေးကောင်းမွန်ဖို့လိုအပ်ပါသေးတယ်။ ဒီအတွက်ကတော့ Dell ကနေပဲ ထုတ်လုပ်ထားတဲ့ Dell 24 Monitor – S2421HN နဲ့အတူ အသုံးပြုမယ်ဆိုရင် အလွန်လိုက်ဖက်သွားမှာဖြစ်ပါတယ်။

23.8” Display Size ကိုမှ ဘေးဘောင် ၃ ဖက်က အလွန်ပါးလွှာတာကြောင့် ဘောင်ပျောက်ဒီဇိုင်းကို ရရှိမှာဖြစ်ပြီး Full HD (1920×1080) Resolution ကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Dual HDMI Input ပါဝင်တာကြောင့် ကိုယ့် Desktop PC အပြင် တခြားသော Gaming Console တွေ၊ Android TV Box တွေနဲ့ပါ ချိတ်ဆက်ထားနိုင်ပြီး Monitor တစ်ခုတည်းနဲ့ ၂ မျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက် Blue Light ထုတ်လွှတ်မှုတွေကို လျော့ချပေးနိုင်တဲ့ ComfortView Feature ပါဝင်တဲ့ Flicker-free Display အမျိုးအစားဖြစ်တာကြောင့် အချိန်အကြာကြီး ကွန်ပျူတာသုံးရတဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။

Dell Vostro 3910 Desktop PC ကို ဝယ်ယူမယ်ဆိုရင် Microsoft ရဲ့ တရားဝင် Office Software ကိုပါထည့်သွင်းပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ ရုံးသုံးအတွက် မရှိမဖြစ် Office Software တွေဖြစ်တဲ့ Microsoft Word ၊ Excel နဲ့ PowerPoint လိုမျိုး Software တွေကို စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dell ကွန်ပျူတာတွေကို ဝယ်ယူမယ်ဆိုရင် စစ်မှန်မှုအတွက် Hologram Sticker လေးကို စစ်ဆေးဖို့နဲ့ Authorized Dealer တွေကနေပဲ ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

Dell Authorized Resellers list ကို ဒီလင့်ခ် (https://bit.ly/3AQIRjO) ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ Dell Vostro 3910 နဲ့ Dell 24 Monitor – S2421HN အကြောင်းကို အသေးစိတ် ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်တွေ (https://dell.to/3ELuJeS) နဲ့ (https://dell.to/3TYkKY2) မှာ လေ့လာနိုင်ပါတယ်။