ဘယ်နေရာမှာမဆို ကိုယ့်လုပ်ငန်းကို အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ Laptop တစ်လုံးကို ရှာနေတယ်၊ စွမ်းဆောင်ရည်ကို ဦးစားပေးလိုက်လို့ Design ပိုင်းမှာ အားနည်းသွားမှာလည်း မလိုလားဘူးဆိုရင် Dell ရဲ့ XPS 9520 Laptop ကို ညွှန်းပေးချင်ပါတယ်။ Dell XPS 9520 Laptop ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလှပဆုံး Design ကိုမှ စွမ်းဆောင်ရည်ပိုင်းမှာလည်း အလွန်မြင့်မားတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အဓိကအချက်ကတော့ Dell XPS 9520 Laptop ဟာ နောက်ဆုံးပေါ် Intel 12th Generation Processor ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် Generation တွေထက် အလွန်မြန်ဆန်နေစေမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ Display ပိုင်းမှာ ကြီးမားတဲ့ 15.6” Display ကိုမှ ဘေးဘက်ဘောင် ၄ ဖက်စလုံးက အလွန်ပါးလွှာတဲ့ 4-sided InfinityEdge နည်းပညာကြောင့် Screen-to-Body Ratio က 92.9% အထိရှိတဲ့အတွက် မြင်ကွင်းကို လုံးဝ Immersive ဖြစ်နေမှာပါ။ ဒါ့အပြင် 16:10 Aspect Ratio ကို အသုံးပြုထားတဲ့အတွက် အလုပ်လုပ်တဲ့အချိန်မှာ ပိုပြီး Content တွေကို မြင်နိုင်မှာဖြစ်တာကြောင့် အလုပ်ပိုတွင်စေမှာဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အသွေးမြင့်မားတဲ့ Display ကို Optional အနေနဲ့ OLED Display ကိုပါရရှိနိုင်မှာဖြစ်တဲ့အတွက် ကြည့်လို့အလွန်ကောင်းမှာဖြစ်သလို မျက်လုံးကိုလည်း မထိခိုက်အောင် ကာကွယ်နိုင်တဲ့နည်းပညာတွေပါဝင်ဦးမှာဖြစ်ပါတယ်။ Integrated Eyesafe® Display နည်းပညာဟာ တောက်ပစိုပြေတဲ့ အရောင်တွေကို ထုတ်ပေးနိုင်ပြီး တစ်ဖက်မှာလည်း မျက်လုံးကို ထိခိုက်စေနိုင်တဲ့ Blue Light ထုတ်လွှတ်မှုကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

Performance အပိုင်းမှာဆိုရင် Intel 12th Gen Processor တွေရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးကောင်းမွန်စေဖို့အတွက်လည်း 64GB အထိ တိုးမြှင့်နိုင်တဲ့ DDR5 RAM ၊ M.2 PCIe NVMe SSD ပါဝင်မှာဖြစ်ပါတယ်။ Graphic ပိုင်းလိုအပ်တဲ့သူတွေအတွက်လည်း Integrated Intel® Iris® Xe Graphics နဲ့ မလုံလောက်ဘူးဆိုရင် NVIDIA® GeForce RTX™ 3050 Ti Graphic Card ဖြင့်ပါ ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ Dell XPS 9520 Laptop က Gaming Laptop တစ်လုံးနီးပါး စွမ်းဆောင်ရည်ကို Ultrabook အလား ပေါ့ပါးပြီး Premium ဆန်တဲ့ ကိုယ်ထည်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အားသာချက်တစ်ခုကတော့ Dell XPS 9520 Laptop ဟာ Creator Edition အနေနဲ့ သတ်မှတ်ခံထားရတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် Full Size SD Card Slot လိုမျိုး Content Creator တွေ၊ Professional Video/Photo Editor တွေအတွက် ကျိန်းသေလိုအပ်တဲ့ Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါက တခြားသော Laptop တွေနဲ့ယှဥ်မယ်ဆိုရင် နေရာတကာ Dongle တွေသယ်ဆောင်သွားနေရတဲ့ဘဝကနေ လွတ်မြောက်သွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ USB-C Port တွေဟာ High Speed Data Transfer ပြုလုပ်နိုင်တဲ့ Thunderbolt™ 4 ကို ထောက်ပံ့ပေးထားသလို USB Power Delivery ကိုလည်း ထောက်ပံ့ထားတာကြောင့် နှစ်သက်ရာ USB-C PD Charger တွေနဲ့ အားသွင်းအသုံးပြုနိုင်ဦးမှာပါ။ ဒါတွေက Content Creator တွေအပြင် Professional တွေအတွက် အလွန်အသုံးဝင်မယ့်အချက်တွေဖြစ်ပါတယ်။

Battery Life ပိုင်းမှာလည်း Dell XPS 9520 က Full HD+ Model မှာ အများဆုံး ၁၃ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်မယ့် 86WHr Battery ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် တစ်နေကုန် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အချိန်တွေမှာ အားကုန်မှာကိုလည်း စိတ်ပူဖို့မလိုအပ်တော့ပါဘူး။

အခုလိုမျိုး ဘက်စုံအားသာချက်တွေနဲ့ Dell XPS 9520 Laptop ဟာ Multimedia ပိုင်းပဲ အသုံးပြုမယ်ဆိုရင်လည်း Display တင်ကောင်းမွန်တာမဟုတ်ဘဲ ပထမဆုံးအနေနဲ့ Waves Nx® 3D Audio နည်းပညာကို ထောက်ပံ့ထားတဲ့ Quad Speaker Setup ကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ ဒီ Waves Nx® 3D Audio နည်းပညာဟာ ဂရမ်မီဆုတွေအများအပြားရရှိထားတဲ့ Producer တစ်ဦးဖြစ်တဲ့ Jack Joseph Puig ကိုယ်တိုင် Tuning ပြုလုပ်ထားတာကြောင့် အသံအရည်အသွေးက လုံးဝကို အကောင်းဆုံးဖြစ်နေမှာသေချာပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Premium Quality ကို တန်းသိနိုင်ဖို့အတွက် CNC Aluminum Chassis ၊ Black Carbon Fiber Palm Rest အပြင် Display Lid ကို ဖွင့်လိုက်တာနဲ့ တန်းပြီး Log-in ပြုလုပ်နိုင်မယ့် Sensor ၊ လုံခြုံရေးအတွက် Fingerprint သို့မဟုတ် Facial Recognition ထောက်ပံ့ပေးထားတဲ့ Windows Hello လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Dell XPS 9520 Laptop အပြင် Dell Product တွေကို ဝယ်ယူမယ်ဆိုရင် Microsoft Office Application တွေဖြစ်တဲ့ Excel ၊ Word နဲ့ PowerPoint တွေကို တရားဝင် License Version အနေနဲ့ Lifetime အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် Dell Laptop တွေကို စစ်မှန်တဲ့ Authorized Reseller တွေဆီကနေပဲ ဝယ်ယူဖို့ သို့မဟုတ် Dell Hologram Sticker ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါမှ နောက်ပိုင်းမှာ အာမခံပိုင်းနဲ့ Service ပိုင်း စိတ်ချရမှာပါ။

Dell Authorized Resellers list ကို ဒီလင့်ခ် (https://bit.ly/3AQIRjO) ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ Dell XPS 9520 laptop အကြောင်း ပိုသိချင်ရင်တော့ ဒီလင့်ခ် (https://dell.to/3vo0FjU) မှာ လေ့လာနိုင်ပါတယ်။