Samsung ဟာ Galaxy M Series ဖုန်းအသစ်ဖြစ်တဲ့ Galaxy M53 ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေတာ အချိန်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Galaxy M53 ဖုန်းကို India နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Galaxy M53 စမတ်ဖုန်းဟာ Display ပိုင်းအနေနဲ့ 6.7″ Super AMOLED Display ကို အသုံးပြုထားပြီး Full HD+ Resolution နဲ့ 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ Single Punch-hole Camera Design ပြုလုပ်ထားတာကို တွေ့ရပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Dimensity 900 Chipset ကို အသုံးပြုထားပြီး 128GB Storage ကိုမှ RAM 6GB သို့မဟုတ် RAM 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 108MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Depth နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ကိုထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ကိုမှ 25W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Super AMOLED Display ကို အသုံးပြုထားပေမယ့် Under Display Fingerprint Sensor အစား Power Button မှာ Fingerprint Sensor ကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ OneUI 4.1 ကို အသုံးပြုထားပါတယ်။

Samsung Galaxy M53 စမတ်ဖုန်းကို Blue နဲ့ Green ဆိုပြီး ၂ ရောင်မိတ်ဆက်ထားပြီး RAM 6GB Version ကို INR 26,499 (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) နဲ့ RAM 8GB Version ကိုတော့ INR 28,499 (မြန်မာငွေ ၇ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena