Qualcomm နဲ့ Mediatek တို့ထံကနေ နောက်ထွက်မယ့် System-on-chip (SoC) တွေဟာ ကမ္ဘာ့ ပထမဆုံး 3nm SoC တွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီ SoC တွေကို ကြေညာဖို့ အချိန်အများကြီးလိုသေးပေမယ့် ပေါက်ကြားသတင်းတွေ စတင်ထွက်ပေါ်လာပါပြီ။

နာမည်ကြီး Tipster Digital Chat Station က Mediatek Dimensity 9400 SoC ဟာ Qualcomm Snapdragon 8 Gen 4 ထက် အဖက်ဖက်မှာ ပိုမို ကောင်းမွန်မယ်လို့ ပြောပါတယ်။

သူက Dimensity 9400 ဟာ အရင်မျိုးဆက် Dimensity 9300 နဲ့ ကွဲပြားပြီး Cortex-X5 Performance Core ၄ လုံး ပါလာမှာ မဟုတ်ပါဘူး။

MediaTek Dimensity 9400(1)

ဒါပေမယ့် Performance Core တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Efficiency Core တွေ ဖယ်ရှားထားမှာပါ။ ကုမ္ပဏီဟာ နောက်မျိုးဆက် SoC မှာ X-core အရေအတွက်ကို လျှော့ချဖို့ ကြိုးစားနေပါတယ်။

Efficiency Core ၁ လုံး မပါတဲ့အတွက် Processor ရဲ့ Efficiency နဲ့ ပတ်သက်ပြီး စိတ်ပူစရာရှိပါတယ်။ ဒါပေမယ့် 3nm Manufacturing Process ဟာ တိုးတက်လာတဲ့ Fabrication ကြောင့် အပူချိန်ထိန်းချုပ်မှု ပိုကောင်းလာနိုင်ပါတယ်။

အဲဒီ SoC ရဲ့ GPU အကြောင်း မသိရသေးပါဘူး။ Digital Chat Station က Dimensity 9400 နဲ့ Snapdragon 8 Gen 4 ရဲ့ CPU စွမ်းရည်ကိုပဲ နှိုင်းယှဉ်သွားတာပါ။

Ref : gizmochina