AI နဲ့ ပြုလုပ်ထားတဲ့ Taylor Swift ရဲ့ ညစ်ညမ်းဓါတ်ပုံတွေ X (Twitter) မှာ ဒီတစ်ပတ်ထဲ ပျံ့နှံ့နေပါတယ်။ X မှာ ညစ်ညမ်းဓါတ်ပုံတွေကို တားဆီးထားပေမယ့် အခုလို ထွက်လာတာပါ။ ဓါတ်ပုံတွေမှာ Taylor Swift ရဲ့ လိင်ပိုင်းကို အသားပေထားပြီး မဖွယ်မရာ ကိုယ်နေဟန်ထားတွေကို မြင်ရပါတယ်။

SAG-AFTRA Slams Taylor Swift AI Images: 'Must Be Made Illegal'

အဲဒီဓါတ်ပုံတွေကို ကြည့်ရှုသူဟာ ၁၉ နာရီအတွင်း ၂၇ သန်းကျော်ရှိပြီး Like ၂၆၀,၀၀၀ ရထားတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဓါတ်ပုံတင်တဲ့ အကောင့်ကို ပိတ်ပင်ခဲ့ပါတယ်။

Taylor Swift AI Explicit Photos: White House, SAG-AFTRA Speak Out – Billboard

X ရဲ့ မူဝါဒအရ လူတွေကို ထိခိုက်နစ်နာစေပြီး အထင်မှားစေတဲ့ မီဒီယာတွေကို မတင်ရဘူးလို့ သတ်မှတ်ထားပါတယ်။ အခု ဓါတ်ပုံတွေကြောင့် Taylor Swift ရဲ့ Fans တွေ အကြီးအကျယ် စိတ်ဆိုးနေကြပါတယ်။

အဲဒီ ဓါတ်ပုံတွေဟာ Reddit နဲ့ Facebook အပါအဝင် တခြားလူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က “ အဲဒီ ဓါတ်ပုံတွေဟာ ကျွန်တော်တို့ရဲ့ မူဝါဒကို ချိုးဖောက်နေပြီး ကျွန်တော်တို့ ပလက်ဖောင်းတွေကနေ ဖျက်နေပါတယ်။ ဓါတ်ပုံတွေ တင်တဲ့ အကောင့်တွေကိုလည်း အရေးယူနေပါတယ်။ “ လို့ ပြောပါတယ်။

Ref : independent