Disney ဟာ Crypto , NFT နဲ့ Metaverse နယ်ပယ်ထဲ ဝင်ရောက်ဖို့ အရှိန်မြှင့်လာပါတယ်။ ဖျော်ဖြေရေး ကုမ္ပဏီ Disney ဟာ NFT, Metaverse , Blockchain နည်းပညာတွေအတွက် ဥပဒေ အကြံပေး ရှေ့နေကို ငှားရမ်းနေပါတယ်။

Disney Wants An Attorney To Oversee Metaverse, Blockchain, NFTs Project | Bitcoinist.com

အလုပ်ခေါ်စာမှာ ရှေ့နေဟာ Disney Media, Entertainment Distrubution , Disney Parks , Experience , Products တွေနဲ့ ပူးပေါင်းဖန်တီးတဲ့ NFT ထုတ်ကုန်တွေအတွက် ဥပဒေကြောင်းဆိုင်ရာ အကြံတွေ ပေးရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် NFT , Cryptocurrency နဲ့ ပတ်သက်တဲ့ ကိစ္စများ၊ ပြဿနာများအတွက် ဥပဒေကြောင်းဆိုင်ရာ အကြံတွေ ပေးရမှာ ဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးနဲ့ Blockchain နည်းပညာတွေနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေအတွက် ဗျူဟာမြောက် လမ်းကြောင်းကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။

Disney Seeks Lawyer For NFTs And Crypto Matters - Digital News Today : Latest News Crypto , Nft , Seo , Bitcoin

Disney ဟာ ၂၀၂၁ ခုနှစ်မှာ NFT ကို စတင် စမ်းသပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလမှာ Disney ရဲ့ Metaverse စီမံကိန်းကို ဦးဆောင်တဲ့ ဌာန ဖြစ်တဲ့ Next Generation Storytelling and Consumer Experiences ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ရာထူးအတွက် နည်းပညာ အရာရှိ Mike White ကို ငှားရမ်းခဲ့ပါတယ်။

အဲဒီကတည်းက ကုမ္ပဏီဟာ NFT ကျွမ်းကျင်သူတွေကို ငှားရမ်းခဲ့ပြီး Crypto ကုမ္ပဏီများစွာနဲ့ ဆက်သွယ်ခဲ့ပါတယ်။ အခုနောက်ဆုံး ဥပဒေ အကြံပေး ရှေ့နေကို ငှားရမ်းလာတဲ့အတွက် Disney ဟာ NFT နဲ့ Metaverse သာမက ဒစ်ဂျစ်တယ်ငွေကြေးကိုပါ စိတ်ဝင်စားနေပုံရပါတယ်။

Ref : decrypt