Disney ဟာ Nike, Coca-cola တို့လိုပဲ NFTs နယ်ပယ်ထဲ ဝင်ရောက်လာပြီ ဖြစ်ပြီး Disney ရဲ့ ပထမဆုံး NFTs or Non-fungible Token တွေကို ရောင်းချပေးတော့မှာပါ။ Disney ရဲ့ NFTs Collection ကို “Golden Moment” လို့ နာမည်ပေးထားပြီး နာမည်ကျော် Disney ကာတွန်းနဲ့ ရုပ်ရှင်တွေထဲက လူကြိုက်များတဲ့ ဇာတ်ကောင်တွေ ပါဝင်ပါတယ်။
Pixar, Star Wars , Marvel နဲ့ The Simpsons တို့က ဇာတ်ကောင်တွေရဲ့ NFTs တွေကို နိုဝင်ဘာလ ၇ ရက်နေ့က စတင် ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အရှားပါးဆုံး ဒစ်ဂျစ်တယ် Collectible တွေကို ရောင်းချေပးခဲ့ပါတယ်။ NFTs ဈေးကွက် ၁ ခု ဖြစ်တဲ့ VeVe ပလက်ဖောင်းကနေ ဝယ်ယူနိုင်မှာပါ။
The Simpsons ရဲ့ Homer နဲ့ Bart ၊ Frozen ရဲ့ Elsa ၊ Wall E ၊ Pizza Planet Truck တို့ကို ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ ၁ ပတ်အတွင်း Iron Man ၊ Avengers Symbol ၊ R2-D2 နဲ့ C-3PO တို့ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Disney ဟာ NFTs မှာ ရင်းနှီးမြှပ်နှံတဲ့ ပထမဆုံး နာမည်ကြီး ကုမ္ပဏီ မဟုတ်ပါဘူး။ Asics , Nike , Procter & Gamble နဲ့ Coca-cola တို့ အားလုံးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကိုယ်ပိုင် NFTs တွေကို ရောင်းချပေးခဲ့ပါတယ်။ Coca-cola က ပထမဆုံး လေလံပွဲမှာ ဒေါ်လာ ၅၇၅,၀၀၀ ကျော် ရခဲ့တယ်လို့ ပြောပါတယ်။ Disney ရဲ့ NFTs ကို VeVe App မှာ ၆၀ ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
NFTs ရောင်းအားဟာ ၂၀၂၁ ခုနှစ်ထဲမှာ တိုးတက်လာခဲ့ပြီး ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလကနေ ဇွန်လတွင်း ဒေါ်လာ ၂.၅ ဘီလီယမ်ကျော်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ Facebook ရဲ့ မိခင် ကုမ္ပဏီ Meta က Metaverse ကို ကြေညာပြီးနောက် NFTs ကို လူတွေ ပို စိတ်ဝင်စားလာကြပါတယ်။
Ref : news.sky